Ghost of Spring HD

Ghost of Spring

Comedy Mystery HD 2024-12-24 8.3 0 Min

၁၂ နှစ်တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ နိုင်ငံတော်ကန်တော့ပူဇော်ပွဲတော်ကြီးရောက်ရှိလာချိန်မှာ ကန်တော့အိုးဖြစ်တဲ့ “တင်” ကို သွန်းလုပ်သူတွေဆက်တိုက် ထူးဆန်းစွာ သေဆုံးသွားခဲ့ပါတယ်။ သွေးကြောက်ရောဂါရှိတဲ့အမှုစုံစမ်းစစ်ဆေးရာမှာ ထူးချွန်လှတဲ့ စုံထောက်နဲ့ သိုင်းပညာကျွမ်းကျင်ပြီးအတွေးရိုးအလှတဲ့ လက်ထောက်မလေးတို့က နှစ်ပေါင်းများစွာဖုံးကွယ်နေခဲ့တဲ့ အမှန်တရားတစ်ခုကို အဖြေရှာဖို့ ပူးပေါင်းခဲ့ကြပါတယ်။ရက်စက်စွာ သေဆုံးသွားတဲ့ တင်သွန်းလုပ်သူတွေကလွန်ခဲ့တဲ့ ၁၂ နှစ်က ချွင်းညန်နဲ့ ပတ်သက်နေကြောင်း သိရတဲ့အခါ……ချွင်းညန်ရဲ့ ဝိညာဉ်ကပဲ ပြန်လာပြီး ကလဲ့စားချေနေသလား……တရားခံအစစ်က ဘယ်သူဖြစ်မလဲ……ဘာဖြစ်လို့ ဒီလိုအမှုတွေ ဆက်တိုက်ဖြစ်နေရသလဲ……ဆိုတာကို အကူအညီမဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝကံကြမ္မာကြမ်းတမ်းရပုံကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။