Fear of Ring HD

Fear of Ring

Action Drama HD 2024-12-23 8.3 0 Min

အမေတစ်ခုသားတစ်ခုဘဝနဲ့ အစွန့်ပစ်ခံဘဝမှာနေလာခဲ့ရတဲ့ယန်ကျန့်မင်ကMBတစ်ညမှာ ဘားတစ်ခုရှေ့မှာလက်ဝှေ့သမားတစ်ယောက်နဲ့ ရန်ဖြစ်နေတဲ့အချိန်လက်ဝှေ့နည်းပြတစ်ယောက်တွေ့သွားခဲ့တယ်။ အဲဒီညမှာသူကအလဲထိုးခံလိုက်ရပေမယ့်သူ့ရဲ့လက်ဝှေ့ပါရမီနဲ့ အလားအလာကိုမြင်နေတဲ့ နည်းပြကသူ့ကိုလေ့ကျင့်ပေးဖို့ကမ်းလှမ်းလာခဲ့တယ်။သူ့ရဲ့ပထမပွဲစဉ်ကို ဘားရှေ့မှာသူ့ကိုအလဲထိုးခဲ့တဲ့ လက်ဝှေ့သမားကိုဂလဲ့စားချေအနိုင်ယူရင်း စတင်လိုက်ပါတယ်။ယန်ကျန့်မင်က လက်ဝှေ့ပညာရှင်တစ်ယောက်ရဲ့တရားမဝင်သားဖြစ်ပြီးတော့လက်ဝှေ့ချန်ပီယံ လက်ဝှေ့ဘုရင်တစ်ယောက်ဖြစ်တဲ့သူရဲ့အဖေတူအမေကွဲအစ်ကိုက သူ့ကိုစိန်ခေါ်ပွဲထိုးဖို့ကမ်းလှမ်းလာပါတယ်။ညီအစ်ကိုနှစ်ယောက်ရဲ့ အငြှိုးအတေးတွေ၊ မကျေနပ်ချက်တွေ၊ကိုယ့်ကိုယ်ကိုယ်သက်သေပြချင်တာတွေအားလုံးကိုလက်ဝှေ့ကြိုးဝိုင်းထဲမှာ ချပြသွားမှာပဲဖြစ်ပါတယ်။