Tom and Jerry's Giant Adventure HD

Tom and Jerry's Giant Adventure

Comedy Family Fantasy Animation HD 2013-08-04 5.9 57 Min

ဒီဇာတ်လမ်းကတော့ ငယ်ငယ်ကကြားဖူးနေကျ မှော်ပဲစေ့နဲ့ နတ်တိုင်းပြည် ပုံပြင်လိုပါပဲ။တွမ်နဲ့ဂျယ်ရီဟာ ပုံပြင်စာအုပ် မြို့တော်ဆိုတဲ့အပန်းဖြေကစားကွင်းပိုင်ရှင်တွေ မွေးထားတဲ့ကောင်လေးနှစ်‌ကောင်ပေါ့။အဲဒီကစားကွင်းက လူမလာဘဲ အရှုံးပေါ်နေတာ‌ကြောင့် အကြွေးနဲ့သိမ်းခံရတော့မယ့်အထိအခြေအနေ ဆိုးနေခဲ့တာပါ။ဒါကြောင့် ကစားကွင်းထဲက ပစ္စည်းတွေ၊ တိရစ္ဆာန်ရုံ‌‌ထဲက အကောင်တွေ ရောင်းထုတ်ပြီးပိုက်ဆံရှာနေရတာပါ။ရောင်းရင်းရောင်းရင်း နောက်ဆုံးမှာနွားမလေးတစ်ကောင်ပဲ ရောင်းစရာဆိုလို့ ကျန်တော့တာပါ။ဒါပေမဲ့ ကစားကွင်းပိုင်ရှင်ရဲ့သား ဂျက်က အဲဒီနွားလေးကို ပိုက်ဆံမယူဘဲ မှော်ပဲစေ့ဆိုတာတွေနဲ့ လဲလိုက်မိသွားပါတယ်။ဒီလိုနဲ့ စိတ်ဓါတ်ကျနေတဲ့ ဂျက်တို့အဖွဲ့ အဲဒီပဲစေ့တွေကိုပဲ စိုက်လိုက်ရင်းနောက်နေ့မှာတော့ ဧရာမပဲပင်ကြီးအဖြစ်နဲ့ကောင်းကင်ပေါ်က နတ်သမီးတိုင်းပြည်ဆိုတဲ့ ထူးဆန်းတဲ့ နေရာတစ်ခုအထိ ရောက်အောင် ပေါက်နေတာကို သိလိုက်ရပါတယ်။အဲဒီတိုင်းပြည်မှာဧရာမဘီလူးကြီးတစ်‌ကောင်ကပြည်သူတွေဆီက ရွှေငွေတွေကို အင်အားသုံး လုယူနေတာပါ။ဒါကို လက်မခံနိုင်တဲ့ ဂျက် တွမ်နဲ့ ဂျယ်ရီတို့က အဲဒီဘီလူးကိုတားပြီး နတ်သမီးတိုင်းပြည်ကို ကယ်ဖို့ကြိုးစားပါတော့တယ်။