Black Swan HD

Black Swan

Drama Horror Thriller HD 2010-12-03 7.7 109 Min

Black Swanရဲ့ ဒါရိုက်တာ Darren Aronofsky ဟာ Requiem for a Dream, The Whale , The Wrestler , Pi , Motherတို့လို အနုပညာအရ တော်တော်လေးအောင်မြင်ခဲ့တဲ့ ရုပ်ရှင်တွေကို ရိုက်ခဲ့တဲ့သူပါ။Black Swanဟာလည်း သူ့ရဲ့ အရေးပါတဲ့ မိုင်တိုင်တစ်ခုဖြစ်ခဲ့ပါတယ်။ Best Picture, Best Director, Best Actress, Best Cinematography နဲ့ Best Film Editing စသဖြင့်အော်စကာငါးဆုဆန်ခါတင်ဝင်ခဲ့ပြီး အဓိကဇာတ်ဆောင်ဖြစ်တဲ့ နာတာလီပို့မန်း Best Actress ဆုကိုရသွားခဲ့ပါတယ်။ ပို့မန်းအတွက်လည်း Black Swan ဟာ အရေးကြီးတဲ့ မိုင်တိုင်တစ်ခုဖြစ်ခဲ့တယ်။BlackSwan ဟာ ဘဲလေးအကကို အဓိကဇာတ်အိမ်တည်ပြီး ရိုက်ပြထားတဲ့ ကချေသည်တွေ ပြဇာတ်ဒါရိုက်တာတွေရဲ့ သူတို့အနုပညာအပေါ် သူတို့ခံယူချက်နဲ့ ကချေသည်ရဲ့ သူ့အနုပညာကိုတင်ဆက်ပုံအကြောင်းရိုက်ပြထားတဲ့ psychological horror ကားပါ။ ဘဲလေးအကကိုရူးသွပ်ပြီး ငန်းဘုရင်မဖြစ်ချင်ခဲ့တဲ့ ကချေသည်မလေးတစ်ယောက် သူ့အိပ်မက်နောက်လိုက်ရင်း အတိုက်အခိုက်တွေအခက်အခဲတွေကြား တစ်စစီပြိုလဲရပုံကို ရိုက်ပြထားတယ်လို့ပြောလို့ရပါတယ်။ Darren Aronofsky ဟာ ဒီကချေသည်မလေးအကြောင်းကို ပဟေဠိဆန်ဆန် ရင်ဖိုစရာကောင်းအောင် ပုံဖော်ထားခဲ့ပါတယ်။သူ့ဇာတ်လမ်းက မဆိုးပေမဲ့ သရုပ်ဆောင်တွေသိပ်ကောင်းနေတာက ဒီဇာတ်ကို ဒီလောက်အထိ ခရီးပေါက်စေခဲ့ပုံပါပဲ။ ဒီကားမှာ မှော်အောင်ခဲ့တဲ့ Natalie Portman အပြင် Vincent Cassel ကလည်းသူ့အပြိုင်ဇာတ်ကောင်အဖြစ် ခြောက်ပြစ်ကင်းအောင်သရုပ်ဖော်နိုင်ခဲ့တာကြောင့် ဒီဇာတ်လမ်းက အသက်ဝင်သွားပုံပါပဲ။ဒီရုပ်ရှင်ကားနဲ့ ပက်သက်ပြီး ညွှန်းရမယ်ဆိုရင် စကားလုံးတလုံးပဲရှိမယ်။” အနုပညာ မှော်ဝင်စားမှု”ဘဲလေးအကပညာထဲပဲ စိတ်ကို စုံလုံးနှစ်ထားတဲ့ Nina ဆိုတဲ့ကချေသည်မလေးတစ်ယောက်Swan Lake ပြဇာတ်ကို ကဖို့ လူဝင် အရွေးခံရာက ဒီဇာတ်လမ်းလေး ဖြစ်လာခဲ့တယ်…။Swan Lake ပြဇာတ်ရဲ့ ငန်းဖြူနေရာနဲ့ အသင့်တော်ဆုံး သူ ဖြစ်ပေမဲ့…ငန်းနက်နေရာအတွက်တော့ သူ့ စရိုက်နဲ့ ကွဲပြားလွန်းနေခဲ့တယ်….။ငန်းနက်ရဲ့ တဏှာများ ကြမ်းတမ်းတဲ့စရိုက်နဲ့ သူမရဲ့ ပျော့ညံ့တဲ့ စိတ်နဲ့ကြား..သူ့ အသက် သူ့ဘဝ ဖြစ်တဲ့ အက အနုပညာရဲ့ မှော်ဝင်စားမှုနဲ့…သူ့ရဲ့ အမှောင်ဘက်အခြမ်း ထွက်လာတဲ့အခါ….။က ကွက်တွေ….တေးဂီတတွေနဲ့ ဒီဇာတ်လမ်းလေးက တာရာမင်းဝေ ရဲ့နာမည်ကြီးဝတ္ထုစာအုပ်ဖြစ်တဲ့ “အရှေ့မြို့ရိုးက မိုးရေစက်များ” နဲ့အတော်လေး ထပ်တူညီတဲ့ ရသတစ်ခုကိုခံစားမိစေပါတယ်။Black Swan ကို အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ကားလို့ သတ်မှတ်ကြသလို Black Swanရဲ့ အခုထိ မတင်မကျဖြစ်နေသလိုလို ဖြစ်နေတဲ့ကိစ္စတစ်ခုလည်းရှိပါတယ်။ Aronofsky က‌တော့ Black Swan မှာ All About Eve (1950), Roman Polanski’s The Tenant (1976) နဲ့ ဒေါ့တိုယက်စကီးရဲ့ The Double ဝတ္တုကနေ သူ့ဇာတ်လမ်းအတွက်ပါဝင်ပစ္စည်းတွေရခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဝေဖန်ရေးသမာတွေကတော့ စတိုရှိခွန်ရဲ့ Perfect Blue ( 1997)နဲ့ အဓိကအခန်းတွေမှာ တော်တော်လေးတူနေတာကို ထောက်ပြခဲ့ကြပါတယ်။ Aronofskyကိုယ်တိုင်ကလည်း ဒီ၂ကား ဆင်တတွေရှိနေတာကို လက်ခံထားပေမဲ့ Perfect Blueကို မှီးထားတယ်ဆိုတဲ့အချက်ကိုတော့ လုံးဝငြင်းခဲ့ပါတယ်။ စတိုရှိခွန်ကတော့ Aronofsky နဲ့ သူ ၂၀၀၁မှာတွေ့ခဲ့တဲ့အကြောင်း သူ့ဘလော့မှာ မှတ်တမ်းတင်ထားခဲ့တယ်။ ဘယ်လိုပဲမဟုတ်ပါဘူးပြောပြော တစ်ပုံစံတည်းနီးပါးဖြစ်နေတဲ့ တစ်ချို့အခန်းတွေကို Perfect Blueက မဟုတ်ပါဘူးလို့တော့ယုံနိုင်စရာမရှိပါဘူး။ Aronofsky အနေနဲ့ Perfect Blueကို ကူးလိုက်တာက ဒါဦးဆုံးလည်း မဟုတ်တော့ပါဘူး Requiem for a Dream( 2000 )မှာတင် Perfect Blueနဲ့ တစ်ပုံစံတည်းဖြစ်နေတဲ့ဇာတ်ဝင်ခန်းတွေ ပါခဲ့ဖူးပါတယ်။ ဒါကိုဝန်မခံလို့ ဒါရိုက်တာဟာ တော်တော်လေး အမြင်ကတ်စရာကောင်းနေတာကလွဲ Black Swan ကတော့ ရုပ်ရှင်ကားကောင်းတစ်ကားအဖြစ်ရပ်တည်နိုင်တုန်းပါပဲ။