One Win HD

One Win

Comedy Drama HD 2024-12-04 6 120 Min

Rebound , Amazon Bullseye တို့လို အားကစားရုပ်ရှင်တွေကို အထူးနှစ်ခြိုက်ခဲ့သူများအတွက်ဒီတစ်ခေါက်မှာတော့ ဘော်လီဘောအားကစားအကြောင်း ပုံဖော်ရိုက်ကူးထားတဲ့ရုပ်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။Main Cast များအနေနဲ့ ရုပ်ရှင်ချစ်သူများနဲ့ မစိမ်းတဲ့ Parasite , A Taxi Driver မှ Song Kang-Ho နဲ့Uprising ဇာတ်ကားတို့မှ Park Jeong-Min တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဂင်အူဂျင် (Song Kang-Ho) ဟာ ဘော်လီဘောကစားသ‌မားဟောင်းဖြစ်ပြီး လက်ရှိမှာတော့ကလေးသူငယ် ဘော်လီဘောသင်တန်းကျောင်းကို ဖွင့်ထားပေမဲ့အရှုံးပေါ်ပြီးသင်တန်းကို ပိတ်ပစ်လိုက်ရတဲ့ အခြေအနေမှာပါ။အဲဒီအချိန်မှာပဲ တိုက်တိုင်ဆိုင်ဆိုင် ပရိုအသင်း Pink Storm ကနေ နည်းပြလုပ်ပေးဖို့ ကမ်းလှမ်းလာပါတယ်။ဖြစ်ချင်တော့ Pink Storm ကလည်းအဓိက ပွဲထွက်ကစားသမားတွေလည်း အသင်းပြောင်းကုန်ပြီးအရန်ကစားသမားတွေပဲ ကျန်ရှိတော့တာမို့ ဖျက်သိမ်းရတော့မယ်လို့ သတင်းထွက်နေတဲ့ အသင်းဖြစ်နေတာပါပဲ။အဲဒီလို ဖျက်သိမ်းရခါနီးဆဲဆဲPink Storm အသင်းကို ပြန်လည်ဝယ်ယူထားတဲ့ အသင်းပိုင်ရှင်သစ်ကတော့ဂန်ဂျောင်ဝန်း (Park Jeong-Min) ပါ။သူ့ရည်ရွယ်ချက်ကတော့ အသင်းကို တစ်ပွဲအနိုင်ရတဲ့အသင်းဖြစ်အောင် လုပ်ပြီးပြန်ရောင်းထုတ်ဖို့ပါပဲ။ဒရမ်မာဆန်ဆန် ဇာတ်လမ်းတွေကိုမှ သဘောကျတဲ့ အသင်းပိုင်ရှင်ဂျောင်ဝန်းလည်းPink Storm သာ တစ်ပွဲနိုင်ခဲ့မယ်ဆိုရင် လက်မှတ်ဝယ်ယူသူများထဲမှ အယောက် ၁၀၀ ရွေးပြီးပိုက်ဆံ၂ ဘီလီယံဆုချမယ်လို့ ကတိပြုကြေညာလိုက်တဲ့အခါမှာတော့..။ဘဝတစ်လျှောက်လုံး ရှုံးနိမ့်ခြင်းနဲ့ပဲ အသားကျနေခဲ့တဲ့ နာမည်မဲ့နည်းပြ ဂင်အူဂျင်နဲ့Pink Storm အသင်းသားများ ပူးပေါင်းကြိုးစားပြီးတစ်ပွဲအနိုင်ရရှိသွားမလား…ဘော်လီဘောအကြောင်း ဘာတစ်ခုမှမသိဘဲ အသင်းပိုင်ရှင်ဖြစ်လာတဲ့ မရင့်မကျက်သူဌေးသားလေးဂန်ဂျောင်ဝန်းကရော အသင်းအပေါ်ထားတဲ့သဘောထားတွေဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦး။