ဒီကားကိုတော့ ဒါရိုက်တာ Kelvin Redvers ရိုက်ကူးထားပြီးမင်းသမီး Roseanne Supernault က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားလေးမှာတော့ နာမည်အတိုင်း အဓိကဇာတ်ကောင်ထရေစီရဲ့ သည်းထိပ်ရင်ဖို စိတ်လှုပ်ရှားစေတဲ့ ဆောင်းတွင်းခရီးလမ်းအကြောင်းကို ကြည့်ရှုရမှာပါ။ထရေစီကတော့ မြို့လေးမှာမနေချင်တာကြောင့် မွေးရပ်မြေဇာတိနဲ့ဝေးရာမှာ အကြာကြီးနေထိုင်နေတဲ့သူပါ။ယောက်ျားဖြစ်သူကအလုပ်တွေပဲလုပ်ပြီး သူ့ကိုဂရုမစိုက်ပါဘူး။ ဒီလိုနဲ့ အမေဖြစ်သူလေဖြတ်ပြီး သေခါနီးအချိန်မှာတော့ အမေဖြစ်သူရဲ့ အသက်ကိုမီအောင်ထရေစီတစ်ယောက် ဆယ့်နှစ်နာရီကြာ ကားမောင်းပြီးမွေးရပ်မြေကိုပြန်ရဖို့ဖြစ်လာပါတယ်။ယောက်ျားဖြစ်သူကလဲ အဖော်မလိုက်ပေးပဲ ခွေးလေးကိုပဲအဖော်အဖြစ်ခေါ်ခဲ့ရတဲ့ ထရေစီတစ်ယောက် ကားမောင်းရမယ့်လမ်းမကြီးကထူးဆန်းတဲ့ မတော်တဆမှုတွေမကြာခဏဖြစ်နေခဲ့တာကို သိခဲ့ရပါတယ်။ဒီလိုနဲ့ လမ်းမှာနှောင့်နှေးမှုတွေ ကြုံရတဲ့အပြင် အေးစက်နေတဲ့ရာသီဥတုကြား ထရပ်ကားတစ်စီးနဲ့ယောက်ျားတစ်ယောက်ကလိုက်သတ်တာကိုကြုံတွေ့ရပါတော့တယ်။ခရီးလမ်းက စီစဉ်ထားတဲ့အတိုင်း မဖြစ်လာပဲ အန္တရာယ်ကြုံနေရတဲ့ထရေစီတစ်ယောက် လူသတ်သမားလက်ကလွတ်အောင် ပြေးနိုင်မလား…သူ့အမေရဲ့ အသက်ကိုရောမီနိုင်မှာလား…ဘယ်လိုနည်းတွေသုံးပြီးလူသတ်သမားကို ရင်ဆိုင်မှာလဲ…ရင်ခုန်လှိုက်မောဖွယ် ခရီးတစ်ခုကိုထရေစီနဲ့အတူ သွားရောက်ရင်း ကြည့်ရှုခံစားရမှာပါ။