F Marry Kill FHD

F Marry Kill

Comedy Thriller FHD 2024-12-06 6.386 97 Min

ဇာတ်လမ်းအကျဉ်းကတော့ ရဲတစ်ယောက်နဲ့ ၈ နှစ်တာတွဲပြီးတော့ပြတ်သွားတဲ့အီဗာဟာ သူ့သူငယ်ချင်းတွေနဲ့အသက် ၃၀ ပြည့်မွေးနေ့ကိုကျင်းပရင်းနဲ့ ဝမ်းနည်းကြေကွဲမှုတွေကိုဖြေဖျောက်နေရတယ်။သူငယ်ချင်းတွေကလည်း ပြတ်သွားတာ ၈ လလောက်ရှိပြီတော့ဘဝအသစ်စဖို့ပြောနေကြတယ်။ဒီရက်ပိုင်းမှာလည်း အွန်လိုင်းပေါ်မှာက ဒိတ်တဲ့သူနဲ့တွေ့ပြီးတော့အသတ်ခံရတဲ့အမှုတွေကလည်း တောက်လျှောက်ဖြစ်နေတော့သူ့သူငယ်ချင်းဖြစ်တဲ့ အန်တိုနီကတော့သတိပေးတယ်။ရော်ဘင်ကတော့ ဒါမျိုးတွေကဖြစ်တောင့်ဖြစ်ခဲဖြစ်ပြီးတော့အဲ့လိုသာကြောက်နေရင် တစ်သက်လုံးလင်မယူရဘဲနေမယ်ဆိုတဲ့ပုံစံမျိုးနဲ့အားပေးတယ်အဲ့လိုနဲ့မွေးနေ့ပွဲပြီးတော့အိမ်ပြန်ရောက်တော့ အစ်မဖြစ်သူဗယ်လာရီက ဂျိတ်ခ်ရဲ့အကြောင်းတွေကိုပြောပြတယ်။ဂျိတ်ခ်စေ့စပ်တော့မယ်ဆိုတာကိုသိသွားတဲ့အီဗာကဆယ်စုနှစ်တစ်ခုစာနီးပါးလောက်ပေးဆပ်လိုက်ရတဲ့ သူ့အချိန်တွေကိုနှမြောမိပြီးသူစိတ်တိုင်းကျလုပ်ဖို့ဆုံးဖြတ်လိုက်တယ်။ဒီလိုနဲ့ ရော်ဘင်ကိုခေါ်ပြီးအွန်လိုင်းဒိတ်ပရိုဖိုင်ကိုစတင်ဖန်တီးပြီးနောက်မှာတော့..