Ghost Trail HD

Ghost Trail

Drama Mystery HD 2024-07-03 6.9 106 Min

ထုံးစံအတိုင်း ပြင်သစ်ကို ပြည်ပြေးလာခဲ့တဲ့ ကမ္ဘာအရပ်ရပ်က မငြိမ်မသက်နိုင်ငံတွေကလာခဲ့တဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်ရိုက်တဲ့ သူတို့နိုင်ငံမငြိမ်သက်မှုတွေကြောင့် သူတို့ဖြတ်သန်းခဲ့ရတဲ့ကမ္ဘာပျက်တွေအကြောင်းပါပဲ။ဆီးရီးယားရဲ့ သားသတ်အိမ်လို့ခေါ်တဲ့ Sednaya ထောင်ကနေ လွတ်လာခဲ့တဲ့ ပြည်ပြေးတွေက တိုင်းတစ်ပါးမှာ ခိုလှုံရင်း မလွတ်လာခဲ့သူတွေသေသွားတဲ့သူတို့မိသားစုတွေအတွက် မကျက်သေးတဲ့အနာတွေကို ကုစားနေရပုံကို တင်ပြထားတယ်။အစိုးရဘက်ကနေ သူတို့ကို ဒီထောင်ထဲ နှိပ်စက်ခဲ့ သူတို့အသိတွေကိုသတ်ခဲ့တဲ့ပြည်ပြေးစစ်သားဟောင်းတွေကိုလည်း ရောက်တဲ့အရပ် ရောက်တဲ့နိုင်ငံမှာ လူမသိသူမသိ အဖွဲ့သေးသေးလေးတွေဖွဲ့ပြီး လိုက်ရှာပြီး တရားခွင်တင်ဖို့ ကလဲ့စားချေဖို့ကြိုးစားခဲ့ကြတယ်။ဒီရုပ်ရှင်မှာဆီးရီးယားကနေ ပြေးလာခဲ့တဲ့ ပြည်ပြေးတွေရဲ့ ဝေဒနာပေါင်းစုံကို မြင်ရပါလိမ့်မယ်။Rotten Tomatoesတော့ ၁၀၀ရာခိုင်နှုန်းရထားပါတယ်။ဒါမျိုးကားတွေက အော်စကာရဲ့နိုင်ငံခြားရုပ်ရှင်ဆန်ခါတင်စာရင်းမှာအမြဲပါနေကျဆိုတော့ ပါကောင်းပါလာနိုင်ပါတယ်။