လိုလာ ဆိုတဲ့ လိင်ပြောင်းအမျိုးသမီးတစ်ယောက်ဟာ မှုခင်းဇာတ်လမ်းတွေကို အသံလွှင့်ပြီး နာမည်ကြီးနေတဲ့သူတစ်ဦးဖြစ်ပါတယ်။ခရစ္စမတ်မှာ သူ့ရဲ့ မွေးရပ်မြေ နယ်မြို့လေးကို ပြန်လာတဲ့ အချိန်တိုက်ဆိုင်စွာပဲ လူသတ်မှုတွေ ဖြစ်ပေါ်နေပြီးလူသတ်သမားဟာ သူတို့မြို့ရဲ့ ဒဏ္ဍာရီထဲက အရုပ်လုပ်သမားသရဲ လို့ ကောလဟာလတွေလည်း ထွက်နေပါတယ်။ဒါကြောင့် စူးစမ်းချင်စိတ်ရှိတဲ့ လိုလာ ဟာဒီလူသတ်သမားလား သရဲလား မသဲကွဲတဲ့ အမှုကို စုံစမ်းရပါတော့တယ်။