Betrothed HD

Betrothed

Thriller HD 2016-07-15 3.1 90 Min

အောဒရာ ကတော့ ကောလိပ်ကျောင်းသူတစ်ယောက်ဖြစ်ပြီး ကျောင်းပိတ်ရက်မှာ အိမ်ကိုအလည်ပြန်လာခဲ့တာပါ။အိမ်မှာ အမေဖြစ်သူကအလုပ်မအားတာကြောင့် ဟင်းချက်စရာတွေမရှိတော့တဲ့အတွက်သူကိုယ်တိုင် ကုန်စုံဆိုင်ကို သွားပြီး လိုအပ်တဲ့ပစ္စည်းတွေသွားဝယ်ခဲ့ပါတယ်။ဒါပေမဲ့လည်း ကုန်စုံဆိုင်က အပြန်လမ်းမှာ စိတ္တဇညီအစ်ကိုနှစ်ယောက်က ပြန်ပေးဆွဲသွားကြပြီးကားပေါ်တင်ခေါ်ကာလွင်တီးခေါင်ပြင်ကန္တာရထဲက သူတို့အိမ်ကိုခေါ်သွားခဲ့ကြပါတယ်။အောဒရာကိုလည်း ပြန်ပေးဆွဲလာတာကလည်း ညီအစ်ကိုနှစ်ယောက်ထဲက ညီအငယ်ဖြစ်သူနဲ့ ပေးစားဖို့ဖြစ်နေတော့အောဒရာလည်း သူ့ရဲ့လွတ်လမ်းကို ရှာနိုင်ပါ့မလားဆိုတာဆက်လက်ကြည့်ရှုလိုက်ကြပါဦး။