Baby's Day Out FHD

Baby's Day Out

Comedy Crime Drama Family Adventure FHD 1994-07-01 6.4 99 Min

ပုံကို မြင်လိုက်တာနဲ့ တော်တော်များများ “ဟာ ဒီကား ကိုမြန်မာစာတန်းထိုး နဲ့ တင်ပြီဟေ့” ဆိုပြီး တွေးမိကြမလားတော့မသိဘူး။ တစ်ခုတော့ ကြိုမှာထားပါရစေ။ဒီကားကြည့်ပြီးမိတ်ဆွေတို့ရဲ့မေးရိုးတွေအကြောကပ် အကြောညှပ် ဖြစ်သွားရင်တော့ လုံးဝ တာဝန်မယူ ပါဘူးလို့။မြန်မာနိုင်ငံမှာ တော်တော်လေးကိုပေါက်ခဲ့တဲ့ကားဖြစ်ပြီး မသိသူလည်း ခပ်ရှားရှားရယ်။ ရုပ်ရှင်သိပ်မကြည့်ဖြစ်တဲ့သူတွေတောင်မှBaby’s Day Out ကို နာမည် မသိရင်နေဇာတ်ကားကိုတော့ သိကြပါတယ်။တော်တော်လေးလည်း ရယ်ရပါတယ်။ လုံးဝကို စိတ်ဖိစီးမှုတွေ ဖြေလျှော့ ပေးနိုင်တဲ့ကားပါ။ချမ်းသာတဲ့စုံတွဲတစ်တွဲရဲ့ကလေးကိုပြန်ပေးဆွဲဖို့ကြိုးစားတဲ့ ခပ်အအလူသုံးယောက်ကိုကလေး က ပညာပြန်ပေးပုံကိုအူတက်အောင် ရိုက်ပြထားပါတယ်။ဇာတ်လမ်းလေးကရိုးစင်းပေးမယ့် အဖြစ်အပျက်တွေက ဆန်းပြားလွန်းပါတယ်။ တော်တော်လေးကိုဟာသဆန်တဲ့ဇာတ်ကွက်တွေ ချီးကျူးစရာပါပဲ။