The Hunter's Anthology - The Demon Hunter FHD

The Hunter's Anthology - The Demon Hunter

Horror Thriller Mystery FHD 2024-04-04 8.3 126 Min

ဒီဇာတ်ကားလေးကတော့ Mystery, Horror ဆန်ဆန်ဇာတ်လမ်းအမျိုးအစားဖြစ်ပြီးတော့ သဘာဝလွန်စူးစမ်းရှာဖွေမှုတွေနဲ့ မှောင်မိုက်တဲ့အမှန်တရားတွေကို ဖော်ထုတ်မယ့်နတ်ဆိုးမုဆိုးတစ်ယောက်ရဲ့စွန့်စားခန်းကို ဇာတ်အိမ်ထားရိုက်ကူးထားပါတယ်။2021 တုန်းကထွက်ရှိခဲ့တဲ့ The Hunter’s Anthology Series ကိုရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်လူအုပ်စုတစ်စုဟာနတ်ဆိုးမုဆိုးတစ်ယောက်နဲ့အတူ မြေအောက်ရထားတွဲထဲမှာပိတ်မိသွားပြီးတော့ သူတို့ထဲမှာပုန်းနေတဲ့နတ်ဆိုးကို ဖမ်းဖို့အတွက်တစ်ယောက်ချင်းစီရဲ့ မှောင်မိုက်တဲ့အတိတ်တွေကိုစစ်မေးရင်းနတ်ဆိုးကိုဖော်ထုတ်ကြပုံကို ကြည့်ရှုကြရမှာပါ။ဇာတ်လမ်းပုံစံက စုံထောက်ဆန်ဆန်ကိုမှ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ပေါင်းစပ်ထားပြီးတော့ ကြည့်ရှုသူတွေကို ဇာတ်လမ်းအစကနေအဆုံးထိဆွဲခေါ်သွားနိုင်ပါတယ်။ IMDb မှာလည်း rating ကောင်းတစ်ခုကို ရရှိထားတဲ့ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။