‘ဂျက်စမင်ဟယ်လ်မက်’က နာမည်ကျော်စာရေးဆရာမတစ်ဦးဖြစ်ပြီးတော့ ဆုပေးပွဲတစ်ခုက အပြန် ကားမောင်းနေစဉ် ဖုန်းပြုတ်ကျတာကိုကုန်းကောက်ရင်း သူမကားက တစ်ဖက်လမ်းပေါ်ကိုတက်သွားတဲ့အတွက် မျက်နှာချင်းဆိုင်ကကားနဲ့ ဝင်တိုက်မိပါတယ်။တစ်ဖက်ကားပေါ်မှာပါလာတာကတော့ ‘ဝင်မ်’နဲ့ ‘အယ်လန်’ဆိုတဲ့ အသက် ၆၀ ကျော် အဘိုးကြီး အဘွားကြီးစုံတွဲတစ်တွဲပါ။ကားအက်ဆီးဒန့်မှာ အယ်လန်ကအသက်ဆုံးရှုံးသွားပြီးနောက် ခင်ပွန်းဖြစ်သူ ဝင်မ်အတွက် အဆင်မပြေတော့သလို စာရေးဆရာမကလည်း နောက်ထပ်စာအုပ်အသစ်ကို မရေးနိုင်လောက်အောင်စိတ်ထိခိုက်သွားပါတယ်။ ဒါနဲ့ စာရေးဆရာမလည်း ဝင်မ်ရှိရာ မော်ရိုကို,ကို လိုက်သွားတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုခံစားကြည့်ပါဦး။