ဒီဇာတ်လမ်းက Tom and Jerryရဲ့ ခရစ္စမတ်အထိမ်းအမှတ် ဇာတ်လမ်းတိုလေးပဲဖြစ်ပါတယ်။နယ်စာတိုက်လေးတစ်ခုမှာ အလုပ်လုပ်နေတဲ့ တွမ်က သူ့ကိုချစ်ပေးတဲ့အိမ်တစ်အိမ်ကို ရောက်သွားဖို့ခရစ္စမတ်ဆုတောင်းထားတာပါ။ဒီလိုနဲ့ပဲ မတော်တဆမှုတစ်ခုကြောင့် တွမ်တစ်ကောင် ဆန်တာရှိရာဝင်ရိုးစွန်းဒေသကို မထင်မှတ်ဘဲ ရောက်သွားခဲ့ပါတယ်။အဲဒီမှာ သူ့ရဲ့ရန်သူတော်ကြီး ဂျယ်ရီတို့ ညီအစ်ကိုတွေနဲ့ တွေ့ပြီးသောင်းကျန်းရာကနေ ဆန်တာတို့ပြင်ဆင်ထားတဲ့ခရစ္စမတ်လက်ဆောင်တွေကို ဖျက်ဆီးမိသွားခဲ့ပါတယ်။အဲဒါကြောင့် သူတို့ရဲ့အမှားတွေကို ပြန်ပြင်ဆင်တဲ့အနေနဲ့ လက်ဆောင်တွေ ပြန်ပြင်ပေးဖို့ ကြိုးစားကြပါတော့တယ်။သူတို့ရဲ့ကြိုးပမ်းမှုက အချိန်မီပါ့မလား၊ ခရစ္စမတ်မနက်အမီ လက်ဆောင်တွေကိုအရောက်ပို့ပေးနိုင်ပြီးဆန်တာတို့ကိုပြန်ကူညီပေးနိုင်မလားဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။