အသစ်ထွက်ထားတဲ့ မာလျာလမ်စကားပြော ကျေးလက်ဟာသရုပ်ရှင်လေးကိုပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။အဘက်ဘက်က တိုးတက်ပြီး မြို့အင်္ဂါရပ်တိုင်းနဲ့ကိုက်ညီတဲ့ကီရယ်လာမြို့ကြီးနဲ့ မြစ်တစ်စင်းပဲခြားတဲ့ ကျွန်းပေါ်မှာကိုဒွန်ဂတ်ဆယ်ရီဆိုတဲ့ မြို့ငယ်လေးရှိပါတယ်။မြို့ဆိုပေမဲ့ အိမ်တိုင်းမှာ အိမ်သာမရှိ၊ မြို့ကိုသွားချင်ရင် လှေနဲ့ပဲသွားရ၊မီးသင်္ဂြိုဟ်ချင်ရင်တောင် အဝေးကြီးကို သွားသင်္ဂြိုဟ်ရတဲ့ရွာသာသာ တောမြို့လေးပေါ့။ဒီရုပ်ရှင်ကိုတော့ အဲဒီမြို့လေးရဲ့ အုပ်ချုပ်ရေးအဖွဲ့ရွေးကောက်ပွဲမတိုင်ခင်ကာလကို ဇာတ်အိမ်တည်ထားပါတယ်။မြို့ရွေးကောက်ပွဲမတိုင်ခင်မှာ အတိုက်အခံပါတီဝင်တွေကကီရယ်လာမြို့နဲ့ချိတ်ဆက်တဲ့ တံတားဆောက်ဖို့နဲ့ မြို့အတွက်မီးသင်္ဂြိုဟ်စက် ဆောက်ပေးဖို့ ဆန္ဒတွေပြရင်း တလွဲတချော်တွေဖြစ်ပုံ၊နိုင်ငံရေးယှဉ်ပြိုင်ကြပုံတွေကို ဒီရုပ်ရှင်ထဲမှာ ဟာသနှောပြီးမြင်ကြရမှာပဲဖြစ်ပါတယ်…။