The Traveller HD

The Traveller

Action Fantasy HD 2024-07-26 5.4 134 Min

I Am Nobody (2023) ဒရာမာစီးရီးမှာ တစ်ခေါက် အောင်မြင်မှုတွေဆွတ်ခူးခဲ့တဲ့စာရေးဆရာ မီအာရေးသားထားတဲ့ ဤဇဗ္ဗူမှာ ပြိုင်စံရှားတဲ့လူ ( ယိရန်ကျစ်ရှ)အွန်လိုင်းဝတ္ထုကို အခု Under One Person (2024)ဆိုတဲ့ နာမည်နဲ့ရုပ်ရှင်ကားအဖြစ် ရိုက်ကူးတင်ဆက်ထားတာလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…Painted Skin: The Resurrection (2012)၊Creation of the Gods Ⅰ: Kingdom of Storms (2023) တို့ရဲ့ဖန်တီးရှင် ခေါင်းကိုင်ဖခင်ကြီး ဒါရိုက်တာကြီး ဝူအာ့ရှန်ရဲ့ နောက်ထပ် လက်ရာတစ်ခုဖြစ်တာမို့…သဘာဝလွန်ကို ပြန်ရိုက်ရင် ဘာလိုနေမှန်းမသိဘူးဆိုတဲ့သူတွေရင်ခုန်စွာ စောင့်ကြည့်နိုင်မယ့်ကားကောင်းလေးပါလို့ ထပ်ဆင့် ညွှန်းလိုက်ပါတယ်…သရုပ်ဆောင်တွေကလည်း အလန်းလွန် အလွန်လန်းနဲ့ မျက်နှာသစ်တွေကစပြီးဟိုတစ်ချိန်က မြဝတီရုပ်မြင်သံကြားခေတ်က ကြွေခဲ့ရတဲ့ အချစ်ဦးတွေပါပြန်ပါလာတာမို့ ရူပါဒါနလည်း ရက်ရက်ရောရော လှူဒါန်းထားတဲ့ကားကြီးပါ…ဇာတ်လမ်းအကျဉ်းလေးပြောရမယ်ဆို…ပေါပေါတောတောနေတတ်တဲ့ ကျန်းချူရန်ဆိုတဲ့ တက္ကသိုလ်ကျောင်းသားလေးက တကယ်တော့ သူလိုကိုယ်လိုပါပဲ…အနိုင်ကျင့်ခံရရင် ထွက်ပြေးတတ်တယ်…စာသင်ချိန်မှာ အတန်းလစ်တတ်တယ်…ဒါပေမယ့် တစ်နေ့မှာ သူ့အဖိုးအခေါင်းဖောက်ခံရတဲ့အချိန်ကစပြီး…သူ့ဘဝလေးက အဖိုးတစ်ခု သူတစ်ခုဆိုတော့လည်း အဖိုးအုတ်ဂူဆီ သွားတာပေါ့သူ့အဖိုးအခေါင်းဖောက်တဲ့သူကို လက်ပူးလက်ကြပ်မိရာကနေ…သူ့ဘဝထဲမှာ ဖုန်းပေါင်ပေါင်ဆိုတဲ့ အရူးမတစ်ယောက်ပေါ်လာတော့တာပဲ…နောက်တော့ သူကပျောက်ဆုံးနေတဲ့ ရှားပါးအစွမ်းတစ်ခုရဲ့ အမွေဆက်ခံသူဖြစ်နေပါတယ်တဲ့….ဒါ့အပြင် ဒီလောကမှာ သူများနဲ့မတူထူးခြားသဘာဝလွန်အစွမ်းတွေပိုင်ဆိုင်ထားတဲ့သူတွေက အများကြီးရှိသေးတယ်တဲ့…ဒီတော့ ကျန်းချူရန်က သူတို့ပြောသလို ဆက်ခံသူပဲ…တကယ်ဆက်ခံသူဆို ရန်သူပင်လယ်ဝိုင်းနေတဲ့လောကအလယ်မှာသူတစ်ယောက်တည်း ဘယ်လိုကျော်ဖြတ်သွားမှာလဲ…ဖုန်းပေါင်ပေါင်ကရော သူနဲ့ ဘယ်လိုပတ်သက်နေတာလဲ…ဖုန်းပေါင်ပေါင်က ဘယ်သူလဲ….ဇာတ်လမ်း မသိသေးတဲ့သူတွေလည်းကြည့်ကြပါ… သိပြီးသားသူတွေလည်းပုံစံတစ်မျိုးပြောင်းတင်ဆက်ထားတာကို ကြည့်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်…