The Last Year of Darkness HD

The Last Year of Darkness

Documentary HD 2023-03-21 6.9 95 Min

အမေရိကန်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Ben Mullinkossonရဲ့တရုတ်နိုင်ငံ ချန်တူးမြို့ပြမှာနေတဲ့လူငယ်လေးတွေရဲ့ဘဝကိုမှတ်တမ်းတင်ပုံဖော်ထားတဲ့ Documentary ဇာတ်ကားဖြစ်ပါတယ်။အမေရိကန်ဒါရိုက်တာတစ်ယောက်ကချပြတဲ့ တရုတ်လူငယ်တွေရဲ့ဘဝဆိုတဲ့အတိုင်းပုံမှန်သမာရိုးကျမြင်နေကျ တရုတ်ကားတွေနဲ့ လုံးဝကွဲထွက်နေတဲ့ပုံစံနဲ့မြင်ရမှာပါ။တရုတ်ဇာတ်ကားတွေမှာချပြလေ့မရှိတဲ့ LGBT လူငယ်တွေရဲ့ဘဝအကြောင်းကိုFunky Townဆိုတဲ့ ကလပ်တစ်ခုကိုအခြေခံပြီးတော့ ပုံဖော်ပြထားတာဖြစ်ပြီးတော့ဘဝရဲ့ဖိအားတွေ မြို့ပြရဲ့ဖိအားတွေကြားမှာ ပြိုလဲနေတဲ့လူငယ်လေးတွေဟာကိုယ့်စိတ်ကိုယ်ပြန်လည်တည်ဆောက်နိုင်ဖို့ ကြိုးစားတဲ့အကြောင်းလေးပဲဖြစ်ပါတယ်။