မိချိ၊ ရာဘဲ၊ ဂျွန်ကိုနဲ့ တာဂုချိတို့ သူငယ်ချင်းလေးယောက် အလုပ်လုပ်နေရင်းတာဂုချိတစ်ယောက်ဆီက အဆက်အသွယ်မရလို့ ဂျွန်ကိုတစ်ယောက် တာဂုချိရဲ့အိမ်ကို လိုက်သွားပါတော့တယ်။အဲ့လိုလိုက်သွားတဲ့အချိန်မှာ တာဂုချိ ကိုယ့်ကိုယ်ကို သတ်သေတာကိုမြင်လိုက်ရပြီး အထိတ်တလန့်ဖြစ်သွားပါတော့တယ်။တာဂုချိရဲ့သေဆုံးမှုအပြီးမှာ တိတ်ခွေတစ်ခုကြည့်ရင်း တာဂုချိရဲ့သေဆုံးမှုကထူးဆန်းနေတာကိုလည်း တွေ့ရှိခဲ့ကြပါတယ်။ဒီလိုနဲ့ နောက်ပိုင်းမှာ ရာဘဲနဲ့ ဂျွန်ကိုတို့ရဲ့ပုံစံတွေကလည်း မူမမှန်သလိုဖြစ်လာပါတော့တယ်။တစ်ဖက်မှာလည်း ခါဝါရှီမကလည်း ကွန်ပျူတာစမ်းသုံးကြည့်ရင်း ဝက်ဘ်ဆိုက်တစ်ခုက ရုတ်တရက်ပေါ်လာပါတယ်၊ဝက်ဘ်ဆိုက်က သူ့အလိုလိုပေါ်လာတာဖြစ်တဲ့အတွက် နောက်ရက်မှာကွန်ပျူတာမေဂျာကျောင်းသားတွေကို သွားမေးရင်းဟာရုအဲဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ တွေ့လာပါတယ်။ဟာရုအဲက ပရိုဂရမ်တစ်ခုကိုလေ့လာနေပြီး သရဲတွေအကြောင်းလည်းစိတ်ဝင်စားသူတစ်ယောက်ပါ။ဒီလိုနဲ့ ဟာရုအဲနဲ့ခါဝါရှီမတို့ အဲဒီဝက်ဘ်ဆိုက်အကြောင်းပြောရင်း ဟာရုအဲတစ်ယောက် ထူးဆန်းလာပါတော့တယ်။အထီးကျန်တဲ့သူတွေရဲ့စိတ်နှလုံးသားအနက်ရှိုင်းဆုံးထဲကိုလှည့်စားတတ်တဲ့ဝိညာဉ်တွေရဲ့လက်ထဲကနေမိချိနဲ့ခါဝါရှီမတို့ သူတို့ရဲ့သူငယ်ချင်းတွေကို ကယ်တင်နိုင်ပါ့မလား။သူတို့နှစ်ယောက်ကိုယ်တိုင်ကရော ဘေးကင်းနိုင်ပါ့မလား၊ဘယ်လိုမျိုးခြောက်လှန့်မှုတွေနဲ့ကြုံတွေ့ရမလဲ…