I.O.Iရဲ့ Kim Do Yeon, WJSNရဲ့ Eunseoတို့ ပါဝင်ထားတဲ့ ကျောင်းတွင်း သရဲ ဟာသဇာတ်ကား အသစ်လေးကို မိတ်ဆက်ပေးလိုက်ပါတယ်ရှင်။စီနီယာ ကျောင်းသူတွေ ဖြစ်ကြတဲ့ ဂျီယွန်း အွန်းဗြောနဲ့ဟျွန်းဂျောင်းတို့ သူငယ်ချင်း ၃ယောက်ဟာကျောင်းတွင်း သရဲဇာတ်လမ်း တစ်ပုဒ်ကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ကျောင်းရဲ့ နှစ်ပတ်လည်နေ့မှာ သရဲနဲ့ တူတူပုန်းတမ်း ကစားရင်း အနိုင်ရရှိခဲ့မယ်ဆိုရင် သူတို့ဟာတက္ကသိုလ်ဝင် စာမေးပွဲကို အမှတ်ပြည့်နဲ့အောင်မြင်ကြမှာ ဖြစ်ပါတယ်။အဲဒီလိုနဲ့ သူတို့ ၃ယောက်ဟာ ဂျပန် နတ်ဘုရားကို မြင်ဖူးတဲ့ ဂျူနီယာမလေး မင်ဂျူရဲ့ အကူအညီကိုရယူပြီး ကျောင်းထဲက သရဲနဲ့ တူတူပုန်းတမ်း ကစားကြပါတော့တယ်ကျောင်းနှစ်ပတ်လည်နေ့မှာ သရဲနဲ့ တူတူပုန်းတမ်း ကစားရင်း ကောင်မလေးတွေ အနိုင်ရရှိသွားမှာလား..။ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုဖို့ ညွှန်းဆိုလိုက်ပါတယ်။