မူးယစ်ရာဇာတွေကြားက သူရဲကောင်းတစ်ယောက်အကြောင်းဇာတ်ကားလေးပဲဖြစ်ပါတယ်။အားရန်မှာ လွန်ခဲ့တဲ့ ၃နှစ်တုန်းက အားမေဆိုတဲ့ချစ်သူကောင်မလေးတစ်ယောက်ရှိခဲ့တယ်။အားမေက ရုတ်တရက်ပျောက်သွားခဲ့ပါတယ်။ အားမေပျောက်သွားပြီးတဲ့နောက်မှာအားရန်က ရှန်ဟိုင်းမြို့ရဲ့ မူးယစ်ခေါင်းဆောင်ကြီး အစ်ကိုကွေဆီမှာ တပည့်ခံခဲ့တယ်။အားရန်နဲ့အားမေရဲ့ပြန်ဆုံခြင်းက မူးယစ်ဆေးအရောင်းအဝယ်လုပ်နေတဲ့အချိန်ဖြစ်မယ်လို့ မထင်ခဲ့မိဘူး။ဒီလိုနဲ့အားရန်ဟာ အားမေကိုကယ်ဖို့အတွက် အစ်ကိုကွေကိုသစ္စာဖောက်ခဲ့တယ်။အားမေရဲ့အစ်ကိုဖြစ်တဲ့သူ အစ်ကိုကျန့်ကလဲ အားရန်ကိုမယုံကြည်ပဲ ရဲဆိုပြီးသံသယဝင်နေပါတယ်။အားရန်တစ်ယောက်ဟာ အစ်ကိုကျန့်ရဲ့ယုံကြည်မှုကိုရဖို့ ဘယ်လိုအခက်အခဲတွေကြုံရမလဲ……ဒီအရာအားလုံးရဲ့နောက်ကွယ်ကလျှို့ဝှက်ချက်တွေကရော ဘာတွေဖြစ်နေမလဲ……