ဇာတ်လမ်းအစမှာတော့ လူနှစ်ယောက်က လူနှစ်ယောက်ဆီကနေ ဓားပြတိုက်ကြရာကနေစပါတယ်။ဒီဇာတ်လမ်းထဲက မင်းသားကတော့ သူခိုးပါ။ Vic လို့ခေါ်တဲ့သူ့ရဲ့အဖော်အဘိုးကြီးတစ်ယောက်လည်းပါပါတယ်။ဓားပြတိုက်ကြရင်း သူနဲ့သူ့အဖော်တို့က ကွဲပြီး သူကပိုက်ဆံရလိုက်ပေမယ့် အဘိုးကြီးကတော့အဖမ်းခံလိုက်ရပါတယ်။တစ်ဖက်မှာလည်း အကျင့်ပျက်ရဲနှစ်ယောက်ကဒီပိုက်ဆံကိုလိုချင်တာကြောင့် နည်းအမျိုးမျိုးနဲ့လိုက်ဖမ်းပါတော့တယ်။တခြားတစ်ဖက်မှာလည်း သူတို့ပိုက်ဆံလုလာတဲ့လူနှစ်ယောက်ရဲ့ အလုပ်ရှင် သူဌေးမက သူ့ရဲ့ပိုက်ဆံတွေကိုပြန်လိုချင်နေပါတယ်။Vicကသူ့လက်ထဲမှာအဖမ်းခံထားရတဲ့အပြင် ကံဆိုးချင်တော့ မင်းသားသတ်လိုက်တဲ့သူက သူ့ရဲ့မောင်ဖြစ်သူဖြစ်နေပါတယ်။ဒါ့အပြင် သူ့ဆီမှာအလုပ်လုပ်တဲ့ ကောင်းဘွိုင်ကြီးလည်းရှိပါသေးတယ်။မင်းသားအနေနဲ့ထွက်ပြေးနေတုန်း ဘာမဆိုင်ညာမဆိုင်နဲ့ ကောင်လေးတစ်ယောက်ကို ဆွဲထည့်မိသလိုဖြစ်ပြီး ကောင်လေးကိုပါကာကွယ်ရပါတော့တယ်။ဆိုတော့ မင်းသားနဲ့ ကောင်လေးကတစ်ဖက်၊ ရဲနှစ်ယောက်ကတစ်ဖက်၊ သူဌေးမနဲ့ကောင်းဘွိုင်ကတစ်ဖက်…မင်းသားကလည်း Vic ကိုကယ်ချင်တယ်။ရဲတွေကလည်း ပိုက်ဆံကိုလိုချင်တယ်။သူဌေးမကလည်း လက်စားချေချင်တယ်။ဒီကနေမှသုံးပွင့်ဆိုင်ဇာတ်လမ်းဘယ်လိုဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲဆက်လက်ရှု့စားလိုက်ကြပါဦး။ဒီဇာတ်လမ်းက အက်ရှင်အခန်းတွေကြီးပဲ အဆက်မပြတ်ပါတာမလို့ စကားပြောတာတွေပျင်းတယ်၊ချတာပဲကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက်ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။