Gabriel's Redemption: Part I HD

Gabriel's Redemption: Part I

Drama Romance HD 2023-06-22 7 110 Min

ဒီကားလေး‌ကတော့ အရှေ့မှာ Gabriel’s Inferno (Part- 1,2.3) နဲ့ Gabriel’s Rapture (Part- 1,2.3) ဆိုပြီးစုစုပေါင်း ၆ ပိုင်း ထွက်ရှိထားပြီး ဒီကားလေးကို ကြည့်မယ်ဆိုရင်တော့ ရှေ့ကကားလေးတွေကိုကြည့်ပြီးမှကြည့်ဖို့တိုက်တွန်းပါရစေ။ဒီကား‌ထဲမှာတော့ ဂေဘရီရယ်တစ်ယောက် ကလေးယူချင်စိတ်ပြန်ဖြစ်လာပေမဲ့ ဂျူလီယာကဘွဲ့လွန်ကျောင်းတစ်ဖက်နဲ့ဖြစ်နေပြီး ပညာရေးကို မစွန့်လွတ်နိုင်တဲ့အခြေအနေရောက်နေပါတယ်။မိသားစုတစ်ခုနှစ်ယောက်အတူထူထောင်လိုက်ရင် ကလေးတစ်ဖက်နဲ့ သူမပြုစုချင်တဲ့ချင်တဲ့ စာတမ်းတွေမပြီးမြောက်ဘဲ ဘွဲ့လွန်ကျောင်းကနေထွက်ရမယ့်အဖြစ်နဲ့ကြုံမှာကို သူမအကြောက်ကြီးနေခဲ့တယ်။တစ်နေ့မှာဂျူလီယာရဲ့စာတမ်းကို ပါမောက္ခ ဂေဘရီရယ်တစ်ယောက် ဖတ်ကြည့်ပြီးဒန်တေးရဲ့ဇာတ်လမ်းအပေါ်  အမြင်မတူကြရာကနေ အခြေခံကာ ဂျူလီယာတို့ လင်မယားလက်ထပ်ပြီး ပထမဆုံးရန်ပွဲလေးကိုနွှဲလိုက်ရပါတော့တယ်။စာတမ်းပို့ချဖို့ အီတလီကိုသွားကြတဲ့အခါမှာလည်း ကတ်သရင်းတစ်ယောက်ဟာ ဂျူလီယာ့ကိုမနာလိုဝန်တိုစိတ်နဲ့ အသရေဖျက်လိုဖျက်၊ အိမ်ထောင်ရှိနေပြီဖြစ်တဲ့ ဂေဘရီရယ်ကိုသွေးဆောင်လိုဆောင်နဲ့ဂေဘရီရယ်နဲ့ ဂျူလီယာတို့လင်မယားကို  အမျိုးမျိုးစိတ်ဒုက္ခလိုက်ပေးနေခဲ့ပါတယ်။အမှောင့်အဖျက် ကတ်သရင်းတစ်ယောက် ဂျူလီယာ့ကိုဘယ်လိုနှောင့်ယှက်မလဲ..သူကိုယ်တိုင်လည်း ဘာတွေကြုံတွေ့ရဦးမလဲ.. သူ့ကိုဘယ်လိုအရာတွေက စောင့်ကြိုနေလဲဆိုတာကိုစိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ အချို့ဇာတ်ဝင်ခန်းလေးတွေမှာတော့ပရိသတ်အချို့ သဘောကျကြတဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းရဲ့ ကျန်ရှိနေသေးတဲ့  အခြေအနေတင်းမာမှုလေးတွေကိုလည်းဟိုတစ်စဒီတစ်စ မြင်တွေ့ရဦးမှာဖြစ်ပါတယ်။