Sylvester Stallone ရဲ့ အောင်မြင်တဲ့ ရုပ်ရှင်ကားတွေအကြောင်းကို ပြောမယ်ဆိုရင်Cliffhanger ကိုလည်း ချန်လှပ်ထားလို့ မရပါဘူး။မင်းသားဆို ဗလတောင့်တောင့်၊ ရုပ်ကြမ်းကြမ်းနဲ့မှ ပရိသတ်နှစ်ထောင်းအားရဖြစ်ကြတဲ့ဟောလိဝုဒ်အက်ရှင်ကားတွေဟာလည်း ၉၀ ခုနှစ်များရဲ့ အမှတ်တရတွေလို့ ပြောရမယ်ဆိုရင်လည်း မမှားပါဘူးအားလပ်ရက်များမှာ အမှတ်တရပြန်ကြည့်ဖြစ်ကြမယ့် ရုပ်ရှင်စာရင်းတွေထဲမှာလည်း Cliffhanger က တစ်ခုအပါအဝင်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ ရော်ကီတောင်တန်းကယ်ဆယ်ရေးရဲ့ ရိန်းဂျား နှစ်ယောက်ဖြစ်ကြတဲ့ ဂေ့ဘ်ဝေါ်ကာ (Sylvester Stallone) နဲ့ဟဲလ်တက်ကာ (Michael Rooker) တို့နှစ်ယောက်ဟာသူတို့ကိုသွေးကွဲသွားစေမယ့် အဖြစ်ဆိုးကြီးဖြစ်မလာခင်အထိအချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ်။တစ်ရက်မှာတော့ ရည်းစားနဲ့အတူတောင်တက်ရင်း ဒဏ်ရာရကာ အခက်အခဲတွေ့နေတဲ့ ဟဲလ် နဲ့ဆယ်ရာ တို့စုံတွဲကိုဂေ့ဘ် နဲ့ ဂျက်ဆီတို့ စုံတွဲက ကယ်ဆယ်ဖို့ ဖြစ်လာခဲ့ပါတယ်။ရာသီဥတုအခြေအနေကြောင့် ချောက်ကမ်းပါးပေါ် ကြိုးသွယ်တန်းပြီး ကယ်ဆယ်ရတဲ့ အခြေအနေမှာဟဲလ်က တစ်ဖက်ခြမ်းကိုချောချောမွေ့မွေ့ ရောက်သွားနိုင်ခဲ့ပေမယ့်။ဆယ်ရာကတော့ ကြိုးသိုင်းကလစ်ပြုတ်ထွက်ပြီး ပြုတ်ကျမလိုဖြစ်နေတာကြောင့်နှစ်ယောက်ဒဏ်မခံနိုင်တဲ့ကြိုးပေါ်ကို ဂေ့ဘ်ကိုယ်တိုင်တက်ရောက်ကယ်ဆယ်ခဲ့ရပါတယ်။ဆယ်ရာကို အမိအရဖမ်းဆုပ်ထားနိုင်ခဲ့ပေမယ့် ဆက်ပြီးတော့ တွဲခိုကာလှမ်းမတက်နိုင်ခဲ့တဲ့ဆယ်ရာဟာကံမကောင်းအကြောင်းမလှဘဲ ဂေ့ဘ်လက်ကနေပဲ ချောက်ထဲကိုကျသွားခဲ့ပါတယ်။အပြစ်ရှိစိတ်ရဲ့ဖိအားပေးမှုကြောင့် ဂေ့ဘ်ဟာ ရိန်းဂျားအလုပ်ကိုရော အားလုံးကိုပါ ရှောင်တိမ်းခဲ့ပါတယ်။၁ နှစ်ကြာပြီးတဲ့နောက် သူ့ရဲ့ကျန်ခဲ့တဲ့ပစ္စည်းတွေကိုလိုချင်တာကလည်း တစ်ကြောင်းသူ့ရဲ့ရည်းစားဂျက်ဆီကိုလည်း သူနဲ့တပါတည်း ခေါ်ခဲ့ဖို့ သိမ်းသွင်းချင်တာကြောင့် ရော်ကီတောင်တန်းကယ်ဆယ်ရေးဆီကို ပြန်လာခဲ့ပါတယ်။သူထင်မှတ်ထားသလိုဖြစ်မလာခဲ့ဘဲ သူရှောင်တိမ်းခဲ့တဲ့တောင်တက်သမားဘဝကသူ့ဆီကို တစ်ဖန်ပြန်ရောက်လာခဲ့ပါတော့တယ်။ဂျက်ဆီကလည်း သူနဲ့အတူလိုက်ဖို့ ငြင်းဆန်ခဲ့တဲ့အပြင်.တောင်ပေါ်မှာ ဒုက္ခရောက်နေတဲ့အဖွဲ့ကို ကူညီဖို့ရာသီဥတုဆိုးရွားနေတဲ့ကြားကကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ဟဲလ်ကို ပါဝင်အားဖြည့်ဖို့ ဂျက်ဆီက ဂေ့ဘ်ကို နားချခဲ့ပါတယ်။သူ့ရဲ့အပြစ်ရှိစိတ်ကို ကုစားနိုင်ဖို့အတွက်အပြင် အချစ်ဆုံးသူငယ်ချင်းဖြစ်သူဟဲလ်နဲ့ ဆက်ဆံရေးကိုပြန်လည်ရယူနိုင်ဖို့ ဒီအဖွဲ့ကို ကယ်ဆယ်မယ့်ဂေ့ဘ်ဟာသူ့ကို စောင့်ကြိုနေတဲ့အန္တရာယ် နဲ့ ပြဿနာအရှုပ်အထွေးတွေကိုတော့ ကြိုမမြင်နိုင်ခဲ့ပါဘူး…