ခုတခေါက်တင်ဆက်ပေးမယ့် ရုပ်ရှင်ကားလေးကတော့IMDB Rating 7 ထိ ရထားတဲ့ Family/Adventureအမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်…ကြည်နူးစရာ ကြေကွဲစရာ ဝမ်းသာစရာ ဝမ်းနည်းစရာတွေကိုပေါင်းစပ်ရိုက်ကူးထားတဲ့ ရသစုံကားလေးဖြစ်လို့ ရုပ်ရှင်ချစ်ပရိသတ်တွေ သဘောကျနှစ်ခြိုက်မယ့်ကားလေးဖြစ်ပြီး ချစ်စရာအာဝုလေးတွေလည်းပါလို့အာဝုချစ်သူပရိသတ်များလည်းလက်လွှတ်ဖို့မသင့်တဲ့ရုပ်ရှင်ကားလေးတစ်ကားဖြစ်ပါတယ်…ဩစတေးလျနိုင်ငံ Upson Downs မြို့ငယ်လေးက Shearersမိသားစုဟာ အခြားမြို့ခံများနည်းတူစိုက်ပျိုးမွေးမြူရေးလုပ်ငန်းနဲ့အသက်မွေးဝမ်းကျောင်းပြုကြသူတွေဖြစ်ပါတယ်…ရေရှားပါးသဖြင့် ချောင်းရေကိုသာ အဓိကအားကိုးနေရတဲ့မြို့ကလေးဟာ ဓနရှင်သူဌေးကြီး Earl ရဲ့ကုပ်သွေးစုပ်မယ့်အကြံနဲ့တည်ဆောက်ခဲ့တဲ့ ရေကာတာကြောင့် ရှားရှားပါးပါးမိုးရေကိုသာမျှော်ကိုးရပါတော့တယ်…ထို့နောက်မှာတော့ ရေရှားပါးကာစိုက်ပျိုးရေးမဖြစ်ထွန်းဘဲတိရစ္ဆာန်များစားကျက်ရှားပါးလာမှုကြောင့် စားဝတ်နေရေးကျပ်တည်းလာတဲ့ Upson Downs အရပ်က Shearers မိသားစုအပါအဝင်ဒေသခံလယ်သမားမိသားစုများဟာ သူဌေးကြီးEarl အဖို့ ၎င်းတို့ရဲ့လယ်မြေတွေကိုဈေးချိုချိုနဲ့ ဝယ်ယူပြီး ချမ်းသာသည်ထက်ချမ်းသာအောင် အမြတ်ထုတ်စရာ သားကောင်များဖြစ်လာပါတော့တယ်…တချိန်တည်းမှာပဲ စီးပွားရေးကျဆင်းကာဘဏ်ကြွေးတွေဆင့်ဆင့်လာတဲ့ မိသားစုအကျပ်အတည်းကို သိပြီး ကူညီချင်စိတ်အပြည့်ရှိနေတဲ့ Shearers မိသားစုရဲ့ သမီးငယ်လေး Annie ဟာ အခက်အခဲကိုဖြေရှင်းဖို့နည်းလမ်းတွေစဉ်းစားနေခဲ့ပါတယ်…Woolarama ပွဲတော်ရက်မှာတော့ Annie နဲ့ သူ့ခွေးလေး Runt တို့ဟာအစီအစဉ်မရှိဘဲ ခွေးပြိုင်ပွဲဝင်ဖြစ်သွားရာမှ Runt ရဲ့အစွမ်းအစနဲ့မိသားစုအကျပ်အတည်းကိုဖြေရှင်းနိုင်ဖို့ လမ်းစမြင်သွားတဲ့ Annie ဟာ…Shearers မိသားစုကို သူဌေးကြီး Earl လက်ကကယ်တင်နိုင်ကြမလားShearers မိသားစုတို့ ဘယ်လိုဖြစ်သွားမလဲ……Upson Downs မြို့ကလေးကလယ်မြေတွေရော သူဌေးကြီးEarl လက်ထဲပဲ အကုန်ရောက်သွားမလားဆိုတာ ကိုတော့Runt ဆိုတဲ့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျာ…….