Dhishkyaoon HD

Dhishkyaoon

Comedy Drama HD 2023-02-10 7 0 Min

ဒီတစ်ခေါက်တော့ ၂၀၂၃ တုန်းကထွက်ထားတဲ့ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ပေါ့ပေါ့ပါးပါးဟာသဇာတ်ကွက်လေးတွေ အများကြီးပါတာကြောင့်ခဏတာ ဘဝအမောပြေစေမဲ့ကားလေးဆိုလည်း မမှားပါဘူး။ဆန်ယာဆိုတဲ့ကောင်လေးက ရုပ်ရှင်တွေကြည့်ပြီး ဇာတ်လိုက်ရူးရူးနေတဲ့သူပါ။အဲဒီလိုကနေ သေနတ်ကိုင်ရဖို့ အရမ်းစွဲလမ်းသွားပြီးမရမက လိုက်ရှာဝယ်ဖို့လုပ်ပါတော့တယ်။သူငယ်ချင်းတစ်သိုက် သေနတ်အကြောင်းပြောကြရင်းနဲ့မှာလို့ရတဲ့သူရှိတာကို သိသွားပါတယ်။ဆန်ယာတို့သူငယ်ချင်းအဖွဲ့ထဲက ဂျင်န်ယာကတော့အရမ်းကို စိတ်ပူတတ်တဲ့သူပါ။ဆန်ယာ သေနတ်ဝယ်မယ်ဆိုတဲ့ကိစ္စကြောင့် သူ့မှာ ဟိုတွေးဒီတွေး တွေးလိုက်ရာကနေနောက်ဆုံးဘဝပျက်ကိန်းဆိုက်တဲ့ထိပါပဲ။အဲဒါနဲ့ သူငယ်ချင်းကိုတားဖို့ဆိုပြီး အဖေဖြစ်သူကို သွားတိုင်ပြောပါတော့တယ်။ကဲ အဖေနဲ့သူငယ်ချင်းတစ်သိုက် ဆန်ယာ့ကိုတားရင်းနဲ့ဘယ်လိုအလွဲလေးတွေကြုံရပြီး ဘယ်လိုခွီရမလဲဆိုတာတော့ဇာတ်လမ်းလေးကြည့်ပြီးပဲ အဖြေရှာလိုက်ပါနော်။