Kraven the Hunter HD

Kraven the Hunter

Action Thriller Adventure HD 2024-12-11 5.8 127 Min

အားလုံးမျှော်နေတဲ့ Sony ရဲ့ Spider-man ဗီလိန်တွေထဲက တစ်ယောက်ဖြစ်တဲ့လူသားတစ်ပိုင်းမုဆိုးရိုင်း Kraven the Hunter ရဲ့ Origin Story ထွက်လာပါပြီ…နာမည်ကြီး မင်းသား Aaron Taylor Johnson က ဦးဆောင်ပါဝင်ထားပြီး Russel Crowe လို သဘာရင့်မင်းသားကြီးတွေလည်း ပါဝင်အားဖြည့်ထားပါတယ်ဘာပဲဖြစ်ဖြစ် Spider-man , Venom တို့ Universeထဲက Anti-Hero ဇာတ်ကောင်တစ်ကောင်ဆိုတော့ ..သေချာပေါက်စောင့်ကြည့်ရမယ့်ကားပါ…မကောင်းမှုဒုစရိုက်နဲ့အသက်မွေးတဲ့ ဖခင် နီကိုလိုင်ခရေဗင်နော့စ်မှာ ဆာဂေးနဲ့ ဒီမီထရီဆိုတဲ့ သား၂ ယောက်ရှိပါတယ်…ဖခင့်ရဲ့ နိုင့်ထက်စီးနင်းဆက်ဆံမှုတွေကြောင့် သား ၂ ယောက်လုံး နီကိုလိုင်ကို ငယ်ငယ်ထဲကမုန်းနေကြတာပါ…ဒါပေမယ့် သူတို့အမေဖြစ်သူ အဆုံးစီရင်သွားတဲ့အချိန်မှာတော့နီကိုလိုင်းက သား၂ ယောက်လုံးကို အမဲလိုက်ပညာသင်ပေးဖို့ တန်ဇနီးယားက ဆာဖာရီတောကြီးထဲကိုခေါ်သွားပါတယ်အဲ့ဒီမှာ လူပေါင်း ထောင်ချီကိုသတ်ခဲ့တဲ့ ဇာခြင်္သေ့ကိုပစ်သတ်ပြီး ဂန္တဝင်မုဆိုးအဖြစ် နာမည်ခံယူချင်တဲ့နီကိုလိုင်းရဲ့ သားဖြစ်သူအကြီးကောင် ဆာဂေးက ခြင်္သေ့ကိုက်ခံရပြီး သေသွာားပါတယ်…ဒါပေမယ့် ကလစ်ဆိုတဲ့ ဆိုတဲ့ ဆာဖာရီတောကိုအလည်လာကြည့်တဲ့ ကောင်မလေးက မသေခင်မှာ…သူ့ကိုမှော်ဆေးရည်တစ်လုံးတိုက်လိုက်ပြီး ခြင်္သေ့ ဒီအန်အေနဲ့ပေါင်းစပ်ကာ…တောဘုရင် ခြင်္သေ့အစွမ်းတွေရလာတဲ့ မုဆိုးဖြစ်လာပါတယ်အရွယ်ရောက်လာတော့ ဆာဂေးက အိမ်ကနေထွက်လာခဲ့ပြီးမကောင်းတဲ့ဒုစရိုက်သမားတွေကို စာရင်းလုပ် ရှင်းလင်းအမဲလိုက်ရင်း သူရင်ဆိုင်ရမယ့်အတားဆီးတွေရှိလာပါတော့တယ်….