ဇာတ်လမ်းအကျဉ်းကတော့ ကြိုးဝိုင်းထဲမှာအသတ်ခံလိုက်ရဲ့ညီကြောင့် အဲ့လောကကြီးကို စိတ်နာသွားတဲ့ ဆမ်ဆန်တစ်ယောက်ဟာအပြင်မှာ လေ့ကျင့်ခန်းတွေသင်ပြပေးနေတဲ့ ဂျင်မ်ဆရာတစ်ယောက်အဖြစ်အသက်မွေးနေပါတယ်။ထူးခြားတဲ့နည်းစနစ်တွေကြောင့် လှောင်ပြောင်တဲသူတွေလည်းရှိသလိုသဘောကျတဲ့သူတွေလည်းရှိပါတယ်။ အဲ့ထဲမှာအယ်လီဆီယာဆိုတဲ့ကလေးမလေးဟာ ဆမ်ဆန်ရဲ့နည်းစနစ်တွေကိုသဘောကျတဲ့အတွက်သူ့ရဲ့သင်တန်းဗီဒီယိုတွေကိုကြည့်ရင်းသင်ယူနေပါတယ်။တစ်နေ့မှာအယ်လီဆီယာဟာ ဆမ်ဆန်နဲ့ လူချင်းတွေ့ပြီးသူ့သင်တန်းမှာသင်ယူချင်ကြောင်းမိခင်ဖြစ်သူကိုပြောပြတယ်။ငွေကြေးအခက်အခဲဖြစ်နေတဲ့သူ့မိခင်ဟာ မတက်ဖို့အမျိုးမျိုးဖြောင်းဖြပေမယ့် မရတဲ့အဆုံးမှာ သင်တန်းကိုခေါ်သွားခဲ့တယ်။ကလေးရဲ့သင်ယူချင်စိတ်ကြောင့်ဆမ်ဆန်ဟာပိုက်ဆံမရှိရင်လည်းဒီသင်တန်းကိုသန့်ရှင်းရေးကူလုပ်ပေးရင်အခမဲ့တက်ခွင့်ပေးမယ်လို့ပြောခဲ့တယ်။ဒီလိုနဲ့ရက်တွေကြာလာတော့လေ့ကျင့်လုပ်ရင်းနဲ့အယ်လီဆီယာဟာနေမကောင်းဖြစ်ပြီးဆေးရုံရောက်သွားတယ်။ရောဂါစစ်ကြည့်တော့ကင်ဆာဖြစ်နေတယ်။ ငွေကြေးခက်ခဲလွန်းတဲ့ အယ်လီဆီယာရဲ့မိခင်ဟာ လုံးဝလမ်းပျောက်နေပါတယ်ဆမ်ဆန်ဟာလည်း သူ့သမီးလိုဖြစ်နေတဲ့ဒီကလေးမကိုဆေးကုသဖို့အတွက် ဆယ်စုနှစ် နှစ်ခုစာဝေးကွာနေတဲ့ကြိုးဝိုင်းထဲကို ပြန်ဝင်လာရတဲ့အခါမှာတော့……