အမေဖြစ်သူဟာ သမီးဖြစ်သူရဲ့ စကားမပြောနိုင်ဖြစ်နေတာကို ကုသဖို့အတွက် တည်ငြိမ်အေးဆေးတဲ့ အိမ်အဟောင်းကြီးကို ပြန်လာခဲ့ပါတယ်။မမျှော်လင့်ထားဘဲ သမီးလေးဟာအတိတ်ကအကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ စကားတွေ ထပြောပြီးတော့ ဖုံးကွယ်ထားတဲ့အရာတွေဟာ ပြန်ပေါ်လာခဲ့တယ်။ဒီလိုနဲ့ သူတို့မိသားစုဟာလည်း ထူးခြားဆန်းပြားတဲ့ဟာတွေစကြုံလာရပါတော့တယ်။ထူးခြားဆန်းပြားတာတွေက ဘာတွေလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ သည်းထိတ်ရင်ဖိုနဲ့ ရှုစားကြည့်လိုက်ကြပါအုန်း ခင်ဗျာ။