The Vord HD

The Vord

Drama Fantasy Horror HD 2024-12-03 8.3 100 Min

Vord ဆိုတာကတော့ ကိုယ်မွေးဖွားတဲ့အချိန်ကစပြီး သေဆုံးတဲ့အချိန်ထိ ကိုယ့်ဘေးနားမှာရှိပြီး စောင့်ရှောင်ပေးတဲ့ အစောင့်အရှောက်ဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးရဲ့အစမှာ ဗိုက်ကင်း ခေတ်ကာလက ညီအကိုနှစ်ယောက်အကြောင်းကနေစတင်ထားပါတယ်။အကိုဖြစ်သူကညီဖြစ်သူနဲ့မိန်းမနှင့် ဖောက်ပြန်ခဲ့ပါတယ်။ညီဖြစ်သူမိန်းမဟာဝံပုလွေကြောင့်ဆုံးပါးသွားသည်ကိုမြင်ခဲ့ရပြီး ဖောက်ပြန်နေကြောင်းသိခဲ့ရတဲ့အခါညီအကိုနှစ်ယောက်ရန်ထဖြစ်ပါတော့တယ်။ထို့နောက် ထိုညီအကိုတို့က ကျိန်စာသင့်သွားခဲ့ကြောင်းကနေအစပြုထားတာဖြစ်ပါတယ်။နှစ်ပေါင်းသောင်းချီကြာပြီးသွားတဲ့အခါမှာတော့ကတ်သရီးနားဆိုတဲ့အမသမီးတစ်ယောက်ဟာအမှောင်စွမ်းအားအတွက် သူ့သမီးနဲ့အလဲအလှယ် လုပ်ခဲ့ပါတယ်။ ကတ်သရီးနားရဲ့သမီး မာရီယာဟာငယ်စဥ်တည်းက တခြားသူတွေမမြင်နိုင်နဲ့ အရာတွေသရဲတွေကိုမြင်နိုင်စွမ်းရှိခဲ့ပါတယ်။ သူမရဲ့အမေဟာနောက်ဆုံးမှာနောင်တရပြီးမာရီယာကို သီလရှင်ကျောင်းမှာထားခဲ့ပြီးကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်လိုက်ပါတော့တယ်။မာရီယာအသက်ကြီးလာတဲ့အခါဘာကြောင့် ဒီလိုဖြစ်နေရတာလဲဆိုတာကိုရှာဖွေပြီး သူ့လိုအဖြစ်မျိုးတခြားသူတွေထပ်မကြုံရအောင်ကြိုးစားပါတော့တယ်။ဒီကားလေးဟာ သင့်ကို ဘာတွေဖြစ်သွားတာလဲ ဆိုပြီးအတွေးများကျန်ရစ်စေအောင်လုပ်ဆောင်ပေးမဲ့ကားမျိုးဖြစ်တဲ့အပြင် အမှောင်လောကရဲ့ အကြောင်းတစ်စိတ်တစ်ပိုင်းကိုလေ့လာခွင့်ရမဲ့ကားလေးပင်ဖြစ်ပါတယ်။