Diabolik - Who Are You? FHD

Diabolik - Who Are You?

Action Crime Thriller Mystery FHD 2023-11-30 6.398 124 Min

၁၉၆0 ခုနှစ်တွေမှာ အီတလီအပြင် ဥရောပ တခွင် ထိတ်ထိတ်ကြဲ အောင်မြင်ခဲ့တဲ့ ရုပ်ပြတစ်ခုရှိပါတယ်၊ ဒီယာဘောလစ်ပါ။ဒီယာဘောလစ်ရဲ့ ပထမဆုံး Live Action ကိုတော့ ၁၉၆၈ ခုနှစ်မှာ ရိုက်ကူးခဲ့ပြီးအာရှတိုင်းပြည်တွေအထိပါ ပေါက်ရောက်ခဲ့ပါတယ်။လူဆိုးတကာ့ လူဆိုးထဲမှာ ဉာဏ်ရည်ထက်မြက်တဲ့ လူဆိုးက ကြောက်ဖို့အကောင်းဆုံးပါပဲ။ ဒီယာဘောလစ်ဟာ အဲဒီလိုဖောက်ထွင်းဝိဇ္ဇာမျိုးပါအခုဇာတ်လမ်းကတော့ ၁၉၆၀ ဝန်းကျင် အီတလီနိုင်ငံကို ဇာတ်အိမ်တည်ထားပြီး အဲဒီခေတ်ကာလမှာ ကလာဗေးလ်မြို့ကရဲတွေ ခေါင်းခဲနေရတဲ့ကိစ္စတစ်ခုရှိပါတယ်။ရဲတွေကို အမြဲနောက်ကောက်ချနိုင်တဲ့သူမတူအောင် တော်လွန်းတဲ့ ဖောက်ထွင်းဝိဇ္ဇာ ဒီယာဘောလစ်ပေါ့။သူ့ရဲ့ မျက်နှာအမှန်ကို မြင်ဖူးတဲ့သူမရှိတဲ့အပြင် ဒီယာဘောလစ်ဟာ တကယ်တော့ သာမန်လူမဟုတ်ဘဲ မိစ္ဆာတစ်ကောင်လို့ လူတွေကပါပြောကြတဲ့အထိ သူ့ရဲ့ ရာဇဝင်ဟာ လျှို့ဝှက်နေပါတယ်။ဒီဇာတ်ကားလေးမှာတော့ ဒီယာဘိုလစ်နဲ့အီဗာကန့်ဆိုတဲ့စောရဝိဇ္ဇာနှစ်ယောက်ဆုံတွေ့ခဲ့ပုံအကြောင်းကို ၁၉၆၀ကာလမှာဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။သူတို့နောက်ကိုလိုက်ပြီးတားဆီးဖို့ကြိုးစားနေတဲ့ စုံထောက်ဂျင်ကိုနဲ့ရော ဘာတွေဆက်ဖြစ်မလဲ ဒီယာဘိုလစ်ဆိုတဲ့သူကရော တစ်ကယ်တန်းဘယ်သူလဲဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ။