One Night with Adela HD

One Night with Adela

Drama Thriller HD 2023-12-01 5.8 105 Min

18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။အဒယ်လာဟာ မက်ဒရစ်စည်ပင်က သန့်ရှင်းရေးကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ဒီညမှာတော့သူဟာတစ်သက်လုံးစာရခဲ့တဲ့ စိတ်ဒဏ်ရာတွေ၊ ဒီဘ၀ရောက်အောင်တွန်းပို့ခဲ့သူတွေကို ရက်ရက်စက်စက်ပြန်ကလဲ့စားချေဖို့စိတ်ကူးထားပြီး အကောင်အထည်ဖော်တော့မှာဖြစ်ပါတယ်။အဲ့ဒီအကြောင်းကိုလည်းကိုယ်တွေ့ဇာတ်လမ်းတွေရင်ဖွင့်ရာ ရေဒီယိုအစီအစဉ်ကိုဖုန်းဆက်ပြီးပြောပြနေပါသေးတယ်။သူကလဲ့စားချေမယ့်သူတွေက ဘယ်သူတွေဖြစ်မလဲ ?သူ့အပေါ်ဘယ်လိုလုပ်ရပ်တွေကျူးလွန်ခဲ့လို့ဒီလောက်အထိနာကျည်းနေရတာလဲ?ကလဲ့စားချေဖို့အတွက် သူ့အစီအစဉ်တွေကဘာတွေဖြစ်နေမလဲ?ဇာတ်လမ်းအစအဆုံးကို one-shot ရိုက်ချက်နဲ့ဖန်တီးထားပြီး စကားလုံးတွေ၊တင်ပြပုံတွေကိုလည်းစိတ္တဇဆန်ဆန် ဖွဲ့စည်းထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ကြမ်းတမ်းတဲ့စကားအသုံးအနှုန်းတွေ၊ မူးယစ်ဆေးသုံးစွဲမှုတွေ ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေကြောင့်မိသားစုနဲ့ကြည့်ဖို့သတိထားရမယ့် ဇာတ်ကားလည်းဖြစ်ပါတယ်။