ဒီဇာတ်လမ်းမှာတော့ အိန္ဒိယရဲ့ ပရိုဂျူဆာ,စာရေးဆရာ မင်းသားဖြစ်တဲ့ Harman Bawejaပါဝင်ပြီးတော့ Addo AIရဲ့ Co-Founder,CEO ဖြစ်သူAyesha Khannaရဲ့ ပထမဆုံးသော ရုပ်ရှင်လောကကိုစတင်ဝင်ရောက်ခဲ့တဲ့ဇာတ်လမ်းလေးလည်းဖြစ်ပါတယ်။ဗီကီဟာ ၅နှစ်သားအရွယ်မှာတင် မိခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရပြီးတော့မိခင်သေဆုံးသွားကတည်းက အချစ်မခံရတော့တဲ့ကလေးတစ်ယောက်ပါ၊အဖေကတော့ ရှိပေမယ့် ဖခင်တွေရဲ့ထုံးစံအတိုင်းပဲ အလုပ်ကိုပဲကြိုးစားလုပ်ကိုင်နေသူဖြစ်တဲ့အပြင် သားဖြစ်သူနဲ့လည်းအလှမ်းဝေးလျက်ရှိပါတယ်။ဗီကီတစ်ယောက် ငယ်စဉ်က ကျောင်းမှာ ဂျီရတ်ဆိုတဲ့ကောင်လေးကအနိုင်ကျင့်တာတွေ ရှိခဲ့ပေမယ့် ဖခင်ဖြစ်သူရဲ့ ဂရုစိုက်ခြင်းကို မခံရတဲ့အတွက်သတိမထားမိတဲ့အပြင် ဗီကီက ပြောလာတာတောင် ဖခင်ဖြစ်သူမှာ အလုပ်ကပဲအရေးကြီးနေသူဖြစ်တာကြောင့် သေချာ ဂရုမစိုက်ခဲ့ပါဘူး။ဒီလိုအချိန်မှာ ဗီကီ့အတွက် ချစ်စရာဆိုလို့ ကျောင်းကသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ဂျီယာနဲ့ ကီတန်ပါပဲ။ဗီကီတစ်ယောက် သူတို့နယ်မြေရဲ့ လူမိုက်ဖြစ်သူ တိုနီ့ဆီမှာသွားရောက်အကူအညီတောင်းဖို့ဖြစ်လာခဲ့ပါတယ်။တိုနီက ကူညီပြီးတော့ အကြံပေးလိုက်တဲ့နောက်မှာတော့ဗီကီတစ်ယောက် ရာဂျတ်ကို ရင်ဆိုင်ဖို့ သတ္တိတွေရှိလာပါတော့တယ်။ဒီလိုနဲ့ စာတတ်တဲ့ ဗီကီတစ်ယောက် ပညာမတတ်တဲ့တိုနီ့ဆီမှာ စာရင်းမှတ်ဖို့ဖြစ်လာရင်းနဲ့ ဗီကီတစ်ယောက်ဂိုဏ်းစတားဖြစ်ဖို့အတွက်က သူ့ရည်မှန်းချက်ဖြစ်ခဲ့ပါတော့တယ်။ဒီလိုနဲ့ပဲ ဗီကီတစ်ယောက် တိုနီ့ဆီမှာ နေရင်းကနေဂိုဏ်းစတားတစ်ယောက်ဖြစ်လာဖို့ ဘယ်လိုတွေ ဆက်လက်လုပ်ဆောင်သွားမလဲ ….ဂိုဏ်းစတားဖြစ်ဖို့လုပ်ဆောင်နေတဲ့ လမ်းမှာရော ဘယ်လိုအတားအစီးတွေကပိတ်ပင်နေဦးမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။