Mana Man HD

Mana Man

Action Comedy HD 2024-08-08 6 105 Min

Friend Zone ထဲက မင်းသား Nine Naphat Siangsomboonရဲ့ ဇာတ်ကားအသစ်ထွက်ရှိလို့လာပါပြီ…နောက်ထပ် Main role အနေနဲ့ Oat Pramote Pathan ကလည်း ပါဝင်ထားတာဖြစ်လို့ ကြည့်လို့ကောင်းမဲ့…ဇာတ်ကားတစ်ကားဆိုတာတော့ အသေအချာပါပဲ။ ဒီကားလေးကတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ရယ်ရမယ့်…ဟာသအက်ရှင်ကားလေးဖြစ်ပါတယ်။ မာနဆိုတဲ့ကောင်လေးဟာ အလုပ်ရယ်လို့ အတည်တကျမရှိဘဲ…တွေ့သမျှ အချိန်ပိုင်းအလုပ်ပေါင်းစုံပတ်လုပ်ပြီးတော့ ပိုက်ဆံရှာနေရတဲ့သူတစ်ယောက်ပါ။ မာနမှာ အမေနဲ့ ညီမလေးလည်းရှိပါတယ်။ညီမဖြစ်သူမာနီကတော့ ကျောင်းတက်နေတုန်းအရွယ်ဖြစ်ပြီး အမေကတော့စားသောက်ဆိုင်လေးဖွင့်ထားပေမယ့်…လက်ရာမကောင်းလို့ ဖောက်သည်မရှိ အကြွေးပတ်လည်ဝိုင်းနေသူပေါ့။ ဒီလိုမိသားစုအတွက် ကြိုးစားရုန်းကန်ရင်း…ရသမျှအချိန်ပိုင်းအလုပ်တွေကိုသူငယ်ချင်းတွေနဲ့အတူတူလုပ်ရင်းနဲ့ သူလုပ်သမျှအလုပ်တိုင်းဟာ အဖျက်တွေဝင်လာပါတော့တယ်။ဒီလိုဖြစ်ရတာကလည်း ငယ်စဉ်အခါတုန်းကကိစ္စလေးတစ်ခုကို ရန်ငြိုးထားနေတဲ့ပွတ်ခ်ဆိုတဲ့သူကြောင့်ပဲဖြစ်ပါတယ်။ငယ်ငယ်က ရန်ငြိုးကို မကျေနိုင်တဲ့ ပွတ်ခ်တစ်ယောက် မာန ဘာပဲလုပ်လုပ် လိုက်ပြီးဖျက်နေရတာကိုပဲ ကျေနပ်နေပြီး လိုက်နှောင့်ယှက်နေပါတော့တယ်။ဒီလိုနဲ့အကြွေးပတ်လည်ဝိုင်းနေတဲ့ ကိစ္စကို ရှင်းလင်းနိုင်ဖို့ ရသမျှအလုပ်ရှာလုပ်ရင်း ပိုက်ဆံရှာနေတဲ့ မာနနဲ့…မာန လုပ်သမျှ အလုပ်တိုင်းကို လိုက်နှောင့်ယှက်ပြီးဖျက်စီးနေတဲ့ ပွတ်ခ်တို့ ဘယ်လိုတွေရှေ့ဆက်ဖြစ်ကြဦးမလဲဆိုတာ…ရယ်ရင်းမောရင်းကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။