Girl Online HD

Girl Online

Comedy Romance HD 2024-12-02 8.3 85 Min

ဖာတီမာဟာ Facebook live လွှင့်ပြီးသူ့နေ့စဉ်ဘဝကို အမြဲမှတ်တမ်းတင် ကြေညာနေသူပါ။သူ့live ကိုကြည့်ရှုသူတွေနဲ့လည်း သူက ပျော်ရွှင်နေပါတယ်။သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း အဆင်ပြေပြေရှိသလိုအရာရာ ပြောဆိုတိုင်ပင်ပြီး နေ့ရက်တိုင်းကိုပေါ့ပါးစွာဖြတ်သန်းနေတဲ့ကောင်မလေးပေါ့။တစ်နေ့ အဆောက်အဦတစ်ခုကအထွက်မှာ သီချင်းသံစဉ်တွေကြားရလောက်ပြီးသူ့ဘဝမှာအပျော်ဆုံးအချိန်ပါလိုထင်ရတဲ့အထိဖြစ်စေတဲ့ကောင်ချောလေးတစ်ယောက်နဲ့ ဝင်တိုက်မိပါတော့တယ်။အဲဒီလိုကနေသိကျွမ်းပြီး သူတိုနှစ်ဦးဟာ အရမ်းချစ်ကြတဲ့စုံတွဲလေးဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့တွဲလာရင်းနှစ်နှစ်ပြည့်လုဆဲဆဲအချိန်မှာ သူ့ကောင်လေးကသူ့ကိုစားသောက်ဆိုင်ကြီးတစ်ခုဆီ ချိန်းဆိုပါတော့တယ်။သူကတော့သူ့ကို လက်ထပ်ခွင့်တောင်းတော့မှာဆိုပြီးအားလုံးကိုပြောပြပျော်ရွှင်နေတာပါ။သူငယ်ချင်းတွေကတော့ မဟုတ်နိုင်ကြောင်းပြောလည်းသူကယုံကြည်နေဆဲပါပဲ။အဲဒီတော့ ကောင်လေးကသူ့ကိုဘာပြောမလို ချိန်းဆိုတာလဲဖာတီမာရဲ့ဘဝက ရှေ့ဆက်ဘာတွေကြုံတွေ့မှာလဲသူဘယ်လိုကိုင်တွယ်ဖြေရှင်းမှာလဲဆိုတာ ကြည့်ရှူခံစားပေးကြပါဦး။