Sori: Voice from the Heart HD

Sori: Voice from the Heart

Drama Science Fiction HD 2016-01-27 6.9 117 Min

ရုံတင်နေတုန်းက အရမ်းပေါက်ခဲ့သလို ဝါရင့်သမ္ဘာရင့်တွေဖြစ်တဲ့ ee Sung Min၊ Lee Hee Joon၊Lee Honey နဲ့ Chae Soo Bin တို့ ပါဝင်ထားတဲ့ ဇာတ်ကားဟောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဂင်ယူဂျူ (Chae Soo Bin) ဟာ ငယ်ငယ်လေးကတည်းက လမ်းပျောက်တတ်သူဖြစ်တာမို့ဖခင်ဖြစ်သူ (Lee Sung Min) က အမြဲ အရိပ်တကြည့်ကြည့် ရှိနေခဲ့ပြီး လမ်းပျောက်သွားတဲ့အခါပြန်ဆုံကြမဲ့ လျှို့ဝှက်နေရာ တစ်ခုကိုလည်း သားဖ နှစ်ယောက် အတူတူ သတ်မှတ်ခဲ့ကြပါတယ်ဒါပေမဲ့လည်း ယူဂျူ ၁၉နှစ် အရွယ်ရောက်တဲ့အခါမှာတော့ ပျောက်ဆုံး သွားခဲ့ပါတော့တယ်။ဖခင်ဖြစ်သူ ဂင်ဟယ်ဂွမ်ဟာ သမီးဖြစ်သူကို နေရာအနှံ့ ရေဆုံးမြေဆုံး လိုက်လံရှာဖွေရာကနေကျွန်းတစ်ကျွန်းပေါ်ရောက်တဲ့အထိပါပဲ။တစ်နေ့မှာတော့ ရုတ်တရက်ဆိုသလို အဲဒီကျွန်းပေါ်က ကမ်းစပ်နားကို ထူးဆန်းတဲ့ ဂြိုဟ်တုစက်တစ်လုံးပြုတ်ကျလာပြီး အဲဒီ ဂြိုဟ်တုဟာ ဆက်သွယ်ရေးလိုင်းကို နားဆင်ရတဲ့လုပ်ဆောင်ချက်ကိုတာဝန်ယူထားရတယ်ဆိုတာကို သိသွားတဲ့ ဂင်ဟယ်ဂွမ်ကတော့ ဂြိုဟ်တုရဲ့ အကူအညီနဲ့အတူသမီး ဖြစ်သူကို ရှာဖွေဖို့ လမ်းစ တွေ့သွားခဲ့ပါတော့တယ်။ပျောက်ဆုံးသွားတဲ့ ဂြိုဟ်တုကိုလိုက်လံရှာဖွေမဲ့ ထောက်လှမ်းရေးအဖွဲ့နဲ့ ဂြိုဟ်တုရဲ့ အကူအညီနဲ့သမီးဖြစ်သူကို ရှာဖွေမဲ့ ဖခင်တို့ရဲ့ ဇာတ်လမ်းကို တမူထူးပြီး ကြည့်ရှုရမှာဖြစ်လို့ ကြည့်ရှုဖို့ ညွှန်းဆိုလိုက်ပါတယ်နော်။