Psychological Movie တွေကိုမှ ကြိုက်နှစ်သက်ကြတဲ့ CM ပရိသတ်ကြီးတို့အတွက်Thriller, Horror ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။စားဖိုမှူး ဘုံးဂျင်က ဂျပန်စားသောက်ဆိုင်အသေးစားလေးဖွင့်ထားတဲ့သူပါ။မတော်တဆမှုတစ်ခုကြောင့် ဇနီးနဲ့ သားကို တစ်ပြိုင်တည်းဆုံးရှုံးခဲ့ရတာမို့ယာယီ အတိတ်မေ့ခြင်းကို ခံစားနေရသူလည်း ဖြစ်ပါတယ်။အဲဒီမတော်တဆမှုကြောင့်ပဲ ဘုံးဂျင်ဟာမှတ်ဥာဏ်ထုံထိုင်းတဲ့အခြေအနေကို ရောက်သွားတာနဲ့တစ်ဖက်လူရဲ့ သေဆုံးမယ့်ရက်နဲ့အချိန်ကို တိကျစွာခန့်မှန်းနိုင်တဲ့ အစွမ်းကို ရရှိလာပါတော့တယ်ယ်။တစ်နေ့မှာတော့ သက်လတ်ပိုင်းစုံတွဲတစ်တွဲကိုနောက်ဆုံးဧည့်သည်အဖြစ် ကြိုဆိုပြီးချိန်မှာပဲဒီစုံတွဲဟာ နောက်တစ်နာရီအကြာ သူ့ဆိုင်ထဲမှာ သေသွားရတော့မယ်ဆိုတာကို သိလိုက်ရတဲ့အခါမှာတော့…ဘုံးဂျင်တစ်ယောက် အဲဒီအဖြစ်ဆိုးကြီးကနေကာကွယ်ဖို့ ဧည့်သည်တွေကို သူ့ဆိုင်ထဲကနေ ထွက်သွားအောင်ဘယ်လိုလုပ်သွားမလဲဆိုတာကို ရန်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။