ဒီဇာတ်ကားလေးကတော့ ဂြိုလ်သားယာဉ်ပျံတွေအကြောင်းကိုလိုက်လံစုံစမ်းတဲ့ သတင်းထောက် တစ်ယောက်ဖြစ်တဲ့ Josè De Zerဆိုတဲ့အာဂျင်တီးနားနိုင်ငံရဲ့နာမည်ကြီးသတင်းထောက်တစ်ယောက်အကြောင်းဖြစ်ပါတယ်။ Josè တစ်ယောက်သူယုံကြည်ရာကိုလိုက်လံသက်သေပြရင်းဘယ်လိုတွေကြုံရမလဲဆိုတာကိုရိုက်ပြထားတာပဲဖြစ်ပါတယ်ကျွန်တော်လေ့လာကြည့်သလောက် Josè ဆိုတာအပြင်မှာတကယ်ရှိခဲ့တဲ့သူဖြစ်ပြီး UFတွေရှိတယ်ဆိုတာကိုသက်သေပြနိုင်ခဲ့တဲ့သူတွေထဲကတစ်ယောက်ပါ။ ဒါပေမယ့် ဒီဇာတ်ကားထဲမှာတော့ အဖြစ်မှန်နဲ့အနည်းငယ်ပြောင်းထားတဲ့အတွက်ကြည့်ရှု့သူတွေအဖို့ ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းမှာအမှန်ပါပဲလို့ထင်ပါတယ်။