ဒီဇာတ်ကားကတော့ ဒါရိုက်တာ Maria Capp ရိုက်ကူးထားပြီးမင်းသမီး Nia Sioux နဲ့ မင်းသားကြီး Seth Gilliam တို့ကပါဝင်သရုပ်ဆောင်ထားတဲ့ သဲထိပ်ရင်ဖို ကျိန်စာတွေပါဝင်တဲ့ကားလေးပါ။ဂျေမီရှောဇ်ကတော့ အထက်တန်းကျောင်းက ဘွဲ့ရတော့မယ့်ကျောင်းသူတစ်ယောက်ဖြစ်ပြီး သူ့မိသားစုနဲ့အတူ ရွန်ကွန်ကိုမာရေကန်ကြီးဘေးမှာ နေထိုင်တာပါ။သူတို့ကမ်းရိုးတန်းကဒေသခံမျိုးနွယ်စုတွေကြားမှာ ကျိန်စာလိုမျိုးဒဏ္ဍာရီတစ်ပုဒ်ရှိပါတယ်။ ရွန်ကွန်ကိုမာလို့ခေါ်တဲ့ အမျိုးသမီးလေးကသူ့ချစ်သူကို ဆုံးရှုံးလိုက်ရလို့ ရေကန်ထဲမှာ သတ်သေခဲ့ပါတယ်…သူက ဆုံးရှုံးသွားရတဲ့ချစ်သူကိုပြန်ရှာဖွေဖို့ ရေကန်ထဲမှာ စောင့်နေရင်းတစ်နှစ်ကို ယောကျ်ားလေးတစ်ယောက် ရေနှစ်သတ်တတ်ပါတယ်တဲ့။ဒေသခံအများစုကတော့ ဒါကကျိန်စာမဟုတ်ဘဲသာမာန်ပုံပြင်လို့ပဲသတ်မှတ်ထားကြတာပါ။ဂျေမီဘွဲ့မရခင် တစ်နှစ်အလိုမှာပဲ ဂျေမီ့ရဲ့အကို ရေကူးချန်ပီယံ အဲရစ်ကရေကန်ထဲမှာရေကူးရင်းနဲ့ ရေနစ်သေဆုံးခဲ့ပါတယ်။ ဂျေမီကသူ့အကိုရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ သူဘွဲ့ရပြီးတဲ့နောက် မွေးနေ့ကိုရေကန်ဘေးမှာ ပါတီလုပ်ချင်ခဲ့ပါတယ်။ သားဖြစ်သူကို ဆုံးရှုံးလိုက်ရပြီးရေကန်ရဲ့ကျိန်စာကို ကြောက်နေတဲ့ မိသားစုကလည်း ဂျေမီ့ကိုရေကန်ဘေးမသွားဖို့သတိပေးထားပါတယ်။ ဒါပေမယ့် ကျိန်စာကိုမယုံကြည်တဲ့ ဂျေမီတို့ သူငယ်ချင်းတစ်စုက ရေကန်ဘေးမှာ မွေးနေ့ပါတီလုပ်ဖို့ ဆုံးဖြတ်လိုက်ကြတဲ့အခါ….သူတို့ဘာတွေဆက်ဖြစ်ကြမှာလဲ….ဒီတစ်ခေါက်မှာရောပစ်မှတ်ကဘယ်သူဖြစ်သွားမလဲ…ရေကန်ကရော တကယ်ပဲဒဏ္ဍာရီထဲကလို ကျိန်စာရှိနေတာလား…ဒါတွေကို ဒီသဲထိတ်ရင်ဖို ကျိန်စာဇာတ်ကားလေးထဲမှာ ရင်တမမနဲ့ကြည့်ရှုရမှာပါ။