ဒီဇာတ်ကားမှာ လော်ရန်ဆိုတဲ့ကောင်မလေးနဲ့ ဒန်နီရယ်ဆိုတဲ့ MMA နာမည်ကြီး နပန်းသမားကောင်လေးတစ်ယောက် အိမ်ထောင်ရက်သားကျပြီး နောက်ပိုင်းရသမျှ ကိုယ်ဝန်အဖတ်မတင်ဘဲ အကြိမ်တိုင်း ပျက်ကျခဲ့ပြီးသုံးကြိမ်မြောက် ပျက်ကျပြီးနောက်ပိုင်းမှာတော့ လော်ရန်ဟာPostmortem Depression လို့ခေါ်တဲ့ ပြင်းထန် မီးဖွားပြီး စိတ်ကျရောဂါဖြစ်လာခဲ့ပါတယ်။ဒီလိုရောဂါဟာ ထင်ယောင်ထင်မှား အမြင်မှားတွေ ဖြစ်တာနဲ့အတူစိတ်တက်လွယ် ကျလွယ်ဖြစ်တဲ့အပြင် ဘေးပတ်ဝန်းကျင်ကသူတွေသာမက ကိုယ်တိုင်အတွက်ပါ ဘေးဒုက္ခဖြစ်နိုင်တဲ့အထိအန္တရာယ် ကြီးပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ သူတို့တွေဟာနာမည်ကြီး စိတ်ကုထုံးဆရာမ တစ်ယောက်ဖြစ်တဲ့ ကရီနာဆိုတဲ့စိတ်ဆရာဝန် ဖွင့်လှစ်ထားတဲ့ လူသူဝေးရာ Resort Clinicဆီကိုလာခဲ့ကြပါတယ်။ ကုသမှုခံယူနေချိန်မှာ ပြင်ပနဲ့ အဆက်အသွယ်မလုပ်ရတဲ့အပြင် ဖုန်း/အင်တာနက် ဘာမှအသုံးပြုခွင့် မပေးထားတာကြောင့် ဒန်နီရယ်အနေနဲ့ လော်ရန်နဲ့ အတူစောင့်နေဖို့မဖြစ်နိင်လို့ပြန်သွားခဲ့ပါတယ်။လော်ရန်အနေနဲ့ ကုသမှုကို ခံယူနေရင်း သက်သာသလို ရှိလာတဲ့အချိန် သူ့မှာ ကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်ရပါတယ်။ဒီအချိန်မှာပဲ သူတို့ဆေးခန်းဆီကိုဖိတ်ခေါ်မထားတဲ့သူတွေရောက်လာခဲ့ပါတယ်။ ဒီလူတွေက လော်ရန်ရဲ့ အရင်ကပျက်ကျသွားခဲ့တဲ့ ကိုယ်ဝန်တွေနဲ့ ဘယ်လိုဆက်စပ်မှု ရှိနေတာလဲ..။လော်ရန်နဲ့ ဒန်နီရယ်တို့ ဘယ်လိုဘေးအန္တရာယ်တွေကျရောက်လာဦးမလဲ ဆိုတာကိုတော့….။