Very Ordinary Couple HD

Very Ordinary Couple

Comedy Drama Romance HD 2013-03-21 6.1 112 Min

ကျွန်တော်တို့  ယခု တစ်ခါတင်ဆက်ပေးမဲ့ ဇာတ်ကားကောင်းလေးကတော့rom-com တွေကိုလည်း ကြိုက်တယ်… drama နဲ့ melodrama ပါမှလည်း ကြည့်ချင်တယ်ဆိုတဲ့ပရိသတ်ကြီးတွေ အကြိုက်တွေ့စေမဲ့ Very Ordinary Couple ဆိုတဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ်အဓိကသရုပ်ဆောင်တွေအနေနဲ့ Face me ထဲက ဆွဲဆောင်မှုရှိတဲ့ဆရာဝန်အဖြစ် မိန်းကလေးတွေအသည်းကို ချွေသွားတဲ့ မင်းသား Lee Min Ki နဲ့ မထင်မှတ်ထားတဲ့လှည့်ကွက်များစွာပါတဲ့ဇာတ်ကားကောင်းလေး  The Handmaiden ထဲက လှပကြော့ရှင်းတဲ့ Lady Hideko အနေနဲ့သရုပ်ဆောင်ထားတဲ့ မင်းသမီး Kim Min Hee တို့ပဲ ဖြစ်ပါတယ်။ဘဏ်တစ်ခုတည်းမှာအလုပ်လုပ်ကြတဲ့ ဂျန်ယောင်း (Kim Min Hee) နဲ့ အီဒုံဟီး (Lee Min Ki) တို့ဟာ၃ နှစ်တာ ခိုးတွဲခဲ့ကြပြီး  လောလောလတ်လတ် လမ်းခွဲထားကြတဲ့ ရည်းစားဟောင်းတွေဖြစ်ကြပါတယ်။လမ်းခွဲပြီးနောက်ပိုင်းတစ်ယောက်ကို တစ်ယောက် ရွဲ့လွန်းတဲ့အပြုအမူတွေကြောင့် ရုံးအတွင်းမှာလည်းကောလာဟလမျိုးစုံနဲ့ပေါ့။အချိန်ကာလတစ်ခုအကြာ တွဲခဲ့ကြတဲ့သူတွေ ဖြစ်တဲ့အလျောက် တစ်ယောက်အပေါ်တစ်ယောက်စိတ်မပြတ်သားနိုင်သေးဘဲ သံယောဇဉ်တစ်ဖြစ်လည်း ချစ်ခြင်းမေတ္တာတွေကျန်ရှိနေသေးတဲ့အခါ…သာမန်စုံတွဲတွေလိုမျိုးပဲ တစ်ကျက်ကျက်ရန်ဖြစ်ပြီး ပြန်တွဲမိမလား အကယ်၍များပြန်တွဲဖြစ်ခဲ့ရင်တောင်ဆက်ဆံရေးကြာရှည်ပါ့မလားဆိုတဲ့ အကြောင်းအရာကို မှတ်တမ်းရုပ်ရှင်ပုံစံလေးမျိုးရိုက်ကူးထားတဲ့အပြင်တကယ့် ချစ်သူရည်းစားတွေ ကြားမှာ ဖြစ်တတ်တဲ့ ပြဿနာလေးတွေကိုပါထည့်သွင်းထားတာကြောင့်ရည်းစားရှိတဲ့သူတွေရော မရှိတဲ့သူတွေ‌ရော ဒီဇာတ်ကားကောင်းလေးကို ကြည့်ရှုသင့်ပါကြောင်း…။