Survive FHD

Survive

ဂျူလီယာနဲ့တွမ်တို့က သားသမီးတွေဖြစ်တဲ့ ကက်စီနဲ့ဘန်တို့နဲ့အတူတူ အပျော်စီးရွက်လှေတစ်စီးနဲ့ခရီးထွက်လာခဲ့ကြပါတယ်။အစပိုင်းမှာထူးဆန်းတဲ့အရာတစ်ခုကြောင့် အမေဖြစ်သူရေနစ်တော့မလိုဖြစ်ခဲ့ပေမဲ့ဘန့်မွေးနေ့တွေဘာတွေလုပ်ပေးပြီးပျော်ပျော်ရွှင်ရွှင်နေဖြစ်ခဲ့ကြပါသေးတယ်။ဒါပေမယ့် သိပ်မကြာခင်မှာပဲ ကောင်းကင်မှာထူးဆန်းတဲ့တိမ်တိုက်ကြီးတွေပေါ်ထွက်လာပြီးရေပြင်ကလည်း၀ုန်းဒိုင်းကြဲလာပါတော့တယ်။ဒီလိုနဲ့ ပင်လယ်ထဲမှာလှိုင်းလူးပြီး ခက်ခဲတဲ့ညတစ်ညကိုရင်ဆိုင်ခဲ့ရပြီး မနက်ရောက်တဲ့အခါမှာတော့ သူတို့လှေကသဲကန္တာရလိုခြောက်ကပ်နေတဲ့မြေပြင်ပေါ်ကိုရောက်နေမှန်းတွေ့လိုက်ရပါတော့တယ်။နောက်မှရေဒီယိုက ရေငုပ်သမားတစ်ယောက်နဲ့အဆက်အသွယ်ရပြီး ပင်လယ်က ကုန်းပေါ်ကိုရောက်သွားပြီးပင်လယ်ထဲမှာဘာရေမှမရှိတော့တာဖြစ်ကြောင်းကိုသိလိုက်ရပါတော့တယ်။ဒီလိုဖြစ်နေတဲ့အချိန်မှာလှေနဲ့ ခရီးထွက်နေတဲ့သူတို့မိသားစုအတွက်ကံကောင်းသွားတယ်ဆိုပေမဲ့ပျောက်သွားတဲ့ပင်လယ်ရေတွေကတစ်ပတ်အတွင်း၀ုန်းဒိုင်းကြဲပြီးပြန်ရောက်လာမှာဖြစ်တဲ့အတွက်ရေငုပ်သမားရှိတဲ့ ရေငုပ်သင်္ဘောဆီကိုမိသားစုခရီးနှင်ကြရင်းဘယ်လိုအခက်အခဲတွေရင်ဆိုင်သွားရဦးမလဲဆိုတာကို ရှုစားရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။