ဆစ်ဒူဆိုတဲ့ကောင်လေးဟာ မိန်းမဆုံးပြီးကတည်းကဘာအလုပ်မှမလုပ်ဘဲ အရက်ပဲသောက်နေတဲ့အရက်သမားအဖေနဲ့အတူ နေထိုင်ပါတယ်။ဆစ်ဒူမှာ ထူးခြားချက်တစ်ခုရှိပါတယ်။ အဲဒါကတော့အိပ်မက်ထဲမှာ နတ်သမီးလေးလိုလှပတဲ့ကောင်မလေးတစ်ယောက်က ပေါ်ပေါ်လာတာပါပဲ။ဆစ်ဒူဟာ အဲဒီကောင်မလေးကို စွဲလမ်းနေပါတော့တယ်။အပြင်မှာတော့ ဆစ်ဒူကို တစ်ဖက်သတ်လိုက်ချစ်နေတဲ့ရင်ကူဆိုတဲ့ ကောင်မလေးကလည်း ရှိနေပြန်ပါတယ်။တစ်ဖက်မှာလည်း ရတ်နာ ပူနဲကာတို့ နိုင်ငံရေးမိသားစုရှိနေပြန်ပါတယ်။ဒီမိသားစုဟာဆိုရင်တော့ ရွေးကောက်ပွဲမှာ အဖေ,ခင်ပွန်းနဲ့ ဇနီးသည်တို့တစ်လှည့်စီ ဝင်ပြိုင်ရင်း နေရာတစ်နေရာမှာ မိသားစုလိုက် အပိုင်စီးထားသူတွေပါ။နိုင်ငံရေးလောကဆိုတဲ့အတိုင်းပဲ အရှုပ်အထွေးတွေလည်း ရှိနေတာပေါ့။ဒီလို အဆက်အစပ်မရှိတဲ့ ရတ်နာပူနဲကာတို့ နိုင်ငံရေးမိသားစုနဲ့ ဆစ်ဒူတို့ ဘယ်လိုတွေ ဆက်နွယ်သွားကြမလဲ …ဆစ်ဒူရဲ့ အိပ်မက်ထဲက နတ်သမီးလေးကရော အပြင်မှာ တကယ်ရှိရဲ့လား …ဆစ်ဒူနဲ့ တွေ့ဆုံခွင့်ရမှာလား… ဆိုတာကိုကြည့်ရှုရမယ့် အချစ်ဒရာမာကားလေးဖြစ်ပါတယ်။