Knock Out HD

Knock Out

Action HD 2020-04-20 6 119 Min

ကျုံးရှီး ဟာ ချန်ပီယံလုပွဲအတွက်အရမ်းကြိုးစားနေတဲ့ လက်ဝှေ့သမားတစ်ဦးဖြစ်ပါတယ်…ပူပူနွေးနွေးဇနီးသည်လေးကလည်း ကိုယ်ဝန်ရှိတာဆိုတော့ ကျုံးရှီးတစ်ယောက် ချန်ပီယံရအောင်ယူပြီး…အနာဂတ်မိသားစုဝင်လေးအတွက် အောင်ပွဲခံချင်နေတော့တယ်။သူ့ကြိုးစားမှုအောင်မြင်တယ်ပြောရမှာပေါ့…သူ ချန်ပီယံဖြစ်လာခဲ့တယ်။ ဒါပေမဲ့ သူ့ပျော်ရွှင်မှုတွေဟာ နေ့တောင်မကူးခဲ့ပါဘူး။ မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး…နှစ်ရှည်ထောင်ကျသွားခဲ့တယ်။ ထောင်ကထွက်လာတဲ့အချိန်မှာအရာအားလုံးပြောင်းလဲခဲ့ပါပြီ။ သူမရှိတဲ့အချိန်အတွင်း…သမီးလေးအတွက် တစ်ယောက်တည်းရုန်းကန်ခဲ့ရတဲ့ဇနီးသည်လေးဆုံးပါးသွားတဲ့အပြင်…ငွေကြေးလည်းအရမ်းကိုခက်ခဲနေပါတယ်။ အဲဒီနောက်သမီးတစ်ယောက်ကိုပြုစုပျိုးထောင်ဖို့ …သူတတ်စွမ်းတဲ့ လက်ဝှေ့ကိုအသုံးချပြီး ကြိုးဝိုင်းထဲကိုပြန်ဝင်ဖို့ကြိုးစားပါတော့တယ်ဇာတ်လမ်းလည်းကောင်းတဲ့အပြင် ထိုးသတ်ခန်းတွေလည်းကြည့်ကောင်းပါတယ်…ခံစားကြည့်ကြပါဦး…