Mr. Plankton , Strong Girl Namsoon တို့မှ မင်းသမီး Lee Yoo Mi ရဲ့GL ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ဂင်ဂျူယောင်း (Park Soo-Yeon) ဟာဆိုရင် ဂျောင်ဆန်းအထက်တန်းကျောင်းမိန်းကလေးတိုက်ကွမ်ဒိုအဖွဲ့မှာ ရွှေတံဆိပ်ဆုရဖို့ မျှော်မှန်းရင်း တိုက်ကွမ်ဒိုလေ့ကျင့်နေသူလေးပါ။တစ်နေ့ တိုက်ကွမ်ဒိုအဖွဲ့ဝင်များက ဂျူယောင်းကို ဝိုင်းရိုက်နေစဉ်မှာ Lotteria မှာ အလုပ်လုပ်တဲ့နာယယ်ဂျီ(Lee Yoo Mi) က ဂျူယောင်းကို တွေ့ပြီး ကူညီပေးရင်း နှစ်ယောက်သား ရင်းနှီးသွားကြတော့တာပေါ့။အဲဒီလိုနဲ့ အကြောင်းတစ်ခုကြောင့် ယယ်ဂျီက ဂျူယောင်းတို့အိမ်မှာ အတူနေဖို့ဖြစ်လာပြီးတိုက်ကွမ်ဒိုကစားတာခဏနားထားတဲ့ ဂျူယောင်းရဲ့ သူငယ်ချင်းအုပ်စုနဲ့အတူ ခရီးထွက်ဖို့ အကြောင်းဖန်လာပါတော့တယ်…အပြန်အလှန် ဖေးမနားလည်ပေးရင်း တစ်စထက်တစ်စ ပိုမိုရင်းနှီးလာကြတဲ့ယယ်ဂျီနဲ့ ဂျူယောင်းတို့နှစ်ဦးကြားက သူငယ်ချင်းသံယောဇဉ်လေး အရောင်စွန်းစပြုလာတဲ့အခါမှာတော့…၁၉၉၉ ခုနှစ် ၊ ဘယ်အရာမှ မလွယ်ကူနေခဲ့တဲ့ အဲဒီအချိန်ကာလတုန်းက နွေရာသီထက်ကိုပူပြင်းနေခဲ့တဲ့ကောင်မလေးနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးကို ဒီရုပ်ရှင်လေးထဲမှာ ဆက်လက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ။