Venus and Mars ရုပ်ရှင်ကတော့ 2007ခုနှစ်မှာ ပြသခဲ့ပြီး Sul Kyung Guနဲ့ Kim Tae Heeတို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Hard- Boiled Romantic Comedy ဇာတ်လမ်းဖြစ်ပါတယ်။အကျင့်စရိုက်ချင်းမတူညီကြတဲ့ ဆန်းမင် (Sul Kyung Gu)နဲ့ ဂျီနာ (Kim Tae Hee)တို့ စုံတွဲကရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ လက်ထပ်ခဲ့ပေမဲ့ နောက်ဆုံးမှာ ပိုင်ဆိုင်မှုတွေကို တစ်ဝက်စီခွဲပြီးကွာရှင်းလိုက်ရပါတော့တယ်။ တွေ့လိုက်တိုင်း ရန်ဖြစ်နေကြတဲ့ ဂျီနာနဲ့ ဆန်းမင်က ကွာရှင်းပြီး ၃လအကြာမှာပဲ နာရီချိန်သီးကြောင့်အသေအကျေတိုက်ခိုက်ဖို့ အကြောင်းဖန်လာပါတော့တယ်။အစွဲလန်းလွန်ရောဂါကြောင့် နာရီချိန်သီးကို အသည်းအသဲပြန်တောင်းနေတဲ့ ဆန်းမင်နဲ့ ကွာရှင်းထားတဲ့ကိစ္စကြောင့် ပြဿနာပေါင်းစုံတက်နေတဲ့ ဂျီနာတို့ အချင်းချင်းအရွဲ့တိုက်ရာကနေနောက်ဆုံးမှာ နှစ်ယောက်လုံး ထိခိုက်ဆုံးရှုံးလာတဲ့အခါ… ခြေတစ်လှမ်းနောက်ဆုတ်ပြီး နှစ်ယောက်သားအဆင်ပြေသွားမလား ကြားထဲမှာဘယ်လိုပြဿနာတွေ ပေါ်လာဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး။