Christmas on Windmill Way HD

Christmas on Windmill Way

Comedy Romance TV Movie HD 2023-12-02 6.3 84 Min

Chad Michal Murray ရဲ့ ခရစ္စမတ်အချစ် ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ Christmas On Windmill Way နဲ့ မိတ်ဆက်ပေးပါရစေ။ပရိဘောဂတွေရောင်းတဲ့ စက်ရုံရဲ့ အမွေခံသမီးဖြစ်သူ Mia က ခရစ္စမတ်မုန့်ဖုတ်ပြိုင်ပွဲမှာ သူ့အဖွား Ann ရဲ့ မုန့်တွေ ပါဝင်ယှဥ်ပြိုင်ဖို့အတွက်တက်တက်ကြွကြွနဲ့ အားပေးနေခဲ့တယ်။ဒါပေမဲ့ မိသားစုအမွေအနှစ်ဖြစ်တဲ့ စက်ရုံပါဝင်တဲ့ခြံကြီးကို သူ့အဖွား Annက ရောင်းလိုက်ပြီဆိုတာလည်းသိရော Mia ရဲ့ တက်ကြွနေတဲ့စိတ်တွေလည်းချက်ချင်းထိုးကျသွားတယ်။အဲဒီအပြင် သူတိုရဲ့ပိုင်နက်ထဲ ဟိုတယ်ဆောက်ဖို့ ဝယ်ခဲ့တဲ့ကုမ္ပဏီရဲ့ အိမ်ခြံမြေ developer က Mia ကိုအထက်တန်းကျောင်းတုန်းက တွဲပြီးထားသွားတဲ့သူ့ရည်းစားဟောင်း Brady ဖြစ်နေတာလည်းသိရော အခြေအနေတွေ ပိုရှုပ်ထွေးလာခဲ့တယ်။မိသားစုအမွေအနှစ်ဖြစ်တဲ့ စက်ရုံကို ဖြိုချခံရဖို့ကိန်းဆိုက်လာလို့Mia သူနဲ့ Brady ကြားက ခံစားချက်တွေကိုလည်း ဖြေရှင်းရင်း စက်ရုံကိုကယ်တင်ဖို့အခက်အခဲတွေကြားက လုံးပန်းရမဲ့ကြိုးစားမှုတွေကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦး…။