Sleeping Princess HD

Sleeping Princess

Comedy Fantasy Romance HD 2024-08-15 6.3 0 Min

Paula Pimenta ရဲ့ဝတ္ထုကိုအခြေခံထားရိုက်ကူးထားတဲ့ Sleeping Princess ဇာတ်ကားဟာဆိုရင် ခေတ်သစ်တော်ဝင်နွယ်ဖွားကောင်မလေးတစ်ယောက်ရဲ့ဘဝကြောင်းကိုပုံဖော်ထားတဲ့Fantasy, Romance,Comedy အမျိုးအစား Brazilian Portuguese စကားပြောရုပ်ရှင်ဖြစ်ပါတယ်။Áurea Bellora ဆိုတဲ့ Lichtenstein နိုင်ငံငယ်လေးက တော်ဝင်နွယ်ဖွားမိန်းကလေးဟာ ငယ်ငယ်ကလုပ်ကြံခံရပြီးသေဆုံးသွားခဲ့တယ်လို့ ကမ္ဘာတစ်ဝှမ်းသိရှိခဲ့ကြပါတယ်။ဒီဇာတ်လမ်းကို အမြဲတမ်းနားထောင်ခဲ့ရတာကတော့ Rosa ဆိုတဲ့ Brazil နိုင်ငံကကောင်မလေးတစ်ယောက်ပေါ့။တစ်ဖက်မှာတော့မင်းသမီးလေးရဲ့မိဘတွေဟာ Queen of Disguise အနေနဲ့ Evil Mouth လို့လူသိများတဲ့ Marie Malleville ရဲ့ခြိမ်းခြောက်မှုတွေကို အလူးအလဲခံနေခဲ့ရပါတယ်။Marie ဆိုတာက မင်းသမီးလေးရဲ့အဖေကိုသဘောကျနေခဲ့သူဖြစ်ပြီး တခြားသူနဲ့လက်ထပ်သွားတာကြောင့် လက်‌စားချေဖို့ ကြိုးစားနေသူတစ်ဦးဆိုရင် မမှားပါဘူး။သူလိုချင်ခဲ့တဲ့ကြင်ယာတော်နေရာကို လုယူသွားလို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့မင်းသမီးလေးတို့မိသားစုရဲ့‌ပျော်ရွှင်မှုဆိတ်သုဉ်းရအောင်မင်းသမီး‌လေးကိုမရမကလုပ်ကြံဖို့ကြိုးစားတတ်တဲ့ Marie က မင်းသမီးလေးအသက်ရှင်နေဆဲဆိုတာသိသွားမှာလား။ မင်းသမီးလေးကရောတကယ်ပဲအသက်ရှင်နေသေးသလား။Rosa နဲ့ရော ဘယ်လိုပတ်သက်မှုတွေရှိမှာလဲဆိုတာကို ခန့်မှန်းရင်း ရင်ခုန်စရာကောင်းတဲ့ဇာတ်ကားဖြစ်တာကြောင့် ကြည့်ရှုရတာတန်စေမယ့်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။