I Think We're Alone Now HD

I Think We're Alone Now

Drama Mystery Science Fiction HD 2018-09-14 5.8 100 Min

Delက ကမ္ဘာမြေပေါ်မှာနောက်ဆုံးကျန်ခဲ့တဲ့လူတစ်ယောက်လို့ …သူ့ကိုယ်သူထင်နေတဲ့လူတစ်ယောက်ပါ။ သူက လူသူဝေးရာမြို့ငယ်လေးတစ်မြို့မှာ…စိတ်ကူးယဉ်ကမ္ဘာလေးဖန်တီးပြီးကျေနပ်နေသူတစ်ယောက်ပါ။ သူနေထိုင်တဲ့မြို့လေးဟာကပ်ဆိုးတစ်ခုကြောင့်တစ်မြို့လုံးကလူတွေသေဆုံးခဲ့တာပါ။ အဲဒီမြို့မှာသူတစ်ယောက်တည်းနေထိုင်ရင်း…သူ့ကိုယ်သူကမ္ဘာမြေကြီးရဲ့နောက်ဆုံးလူသားလို့ထင်နေချိန်မှာ…Graceဆိုတဲ့ ကောင်မလေးတစ်ယောက်…သူ့ဆီကိုရောက်လာခဲ့ပါတယ်။ သူက Graceကို သူ့ကမ္ဘာငယ်လေးဆီမှာမနေစေချင်ပါဘူးထွက်သွားခိုင်းပေ့မယ့် Graceက ဆက်နေခဲ့ပါတယ်။ လူတွေအားလုံးသေဆုံးပြီး ချောက်ခြားစရာမြို့ပျက်မှာ…သူတို့နှစ်ယောက်ကထူးဆန်းတာတစ်ခုလုပ်ခဲ့ပါတယ်။ အဲဒီလိုလုပ်နေတုန်းမှာ သူတို့မမျှော်လင့်တာတွေ…အံအားသင့်စရာကောင်းလောက်အောင်ကြုံခဲ့ရပါတယ်။ ကိုင်း သူတို့ ဘာတွေကြုံရမလဲ…ဘယ်လိုတွေရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး..ဒီကားထဲက အဓိကသရုပ်ဆောင်ကြီးကိုတော့အားလုံးလည်း သိပြီးသားဖြစ်မှာပါ။ မင်းသမီးလေးကလည်း နင်းကန်လှလွန်းပါတယ်…ပြီးတော့ IMDb…5.6 နဲ့ Rotten ….63% လည်းရထားလေတော့အတော်လေးအောင်မြင်တဲ့ကားလို့ဆိုရမှာပဲဖြစ်ပါတယ်…