ဆွီဒင်နိုင်ငံတကာရုပ်ရှင်ပြပွဲကြီးမှာ အကောင်းဆုံးအယ်ဒီတာဆုကို ရရှိထားတဲ့ Bird Of Paradise 2023 ရုပ်ရှင်ဇာတ်ကားကြီး။ကတ်ဆိုတဲ့အချိန်ပိုင်းသရုပ်ဆောင်တစ်ယောက်က ကိုယ်ပိုင်သီးသန့်ဘဝလေးမှာနေထိုင်တတ်သူတစ်ယောက်ပါ။ပါတီပွဲတစ်ခုမှာ ဒိုမိနစ်ဒွန်နဝေးဆိုတဲ့ အေးဂျင့်တစ်ယောက်နဲ့တွေ့ပြီး မထင်မှတ်ထားလောက်အောင် နာမည်ကျော်ကြားသွားတဲ့အခါ..ရုပ်ရှင်ဇာတ်ကားတစ်ခုမှာဂျာနယ်လစ်နေရာကနေ ပါဝင်သရုပ်ဆောင်ပေးဖို့ကမ်းလှမ်းခံရပြီးနောက်ဒီဇာတ်ကားအတွက် အရင်ရွေးချယ်ထားတဲ့သရုပ်ဆောင်ဆာရှာဟာ အသတ်ခံလိုက်ရတာကို ကတ်တစ်ယောက် သိလိုက်ရတဲ့အခါကတ်တစ်ယောက် ဆာရှာအသတ်ခံရတဲ့အမှုကို စုံစမ်းဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ဆာရှာဟာ ဒီရုပ်ရှင်ကားကြောင့် အသတ်ခံခဲ့ရတာလား? ဒါမှမဟုတ် သူ့ရဲ့အတိတ်ကပတ်သက်ခဲ့သူတစ်ယောက်ယောက်ရဲ့ လက်ချက်လား?စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဟောလိဝုဒ်လောကနဲ့ LA မှာဖြစ်လေ့ရှိတဲ့ လျှို့ဝှက်ချက်တွေ ပြဿနာတွေကို ရိုက်ပြထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်တာကြောင့် သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကို စိတ်ဝင်စားသူတွေအတွက်လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။