Tears of the Shark: Kunlun Tribulation HD

Tears of the Shark: Kunlun Tribulation

Action Drama HD 2023-04-19 5 84 Min

ရေသူမမျက်ရည်ဟာ ရောဂါဒဏ်ရာအားလုံးကိုကုသပေးနိုင်တယ်လို့ဆိုကြတယ်။သိုင်းလောကရဲ့ အင်အားကြီးဂိုဏ်းဖြစ်တဲ့ ခွန်လွန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးဟာသူ့ရဲ့ရောဂါကိုကုဖို့အတွက် ရေသူမျိုးနွယ်တွေကိုအကြပ်ကိုင်ပြီးတော့ရေသူမမျက်ရည်ကိုအတင်းတောင်းယူပြီး မရတဲ့အတွက်ရေသူမတွေကိုဖမ်းခေါ်သွားပြီး ကျန်တဲ့ရေသူမျိုးနွယ်တွေကိုသတ်ပစ်လိုက်တယ်။ဒီလိုနဲ့ ရေသူမျိုးနွယ်နဲ့ခွန်လွန်ဂိုဏ်းကြားက ရန်ငြှိုးမီးဟာ စတင်လာခဲ့တယ်။စိတ်ထားကောင်းပြီး စာနာတတ်တဲ့ ခွန်လွန်ဂိုဏ်းရဲ့အမွေဆက်ခံသူ ထျန်းယန်ဟာသစ္စာဖောက်ခံရပြီး ခွန်လွန်ဂိုဏ်းကနေထွက်ပြေးလာခဲ့ရတယ်။ဒီလိုနဲ့ သူကခွန်လွန်ဂိုဏ်းသားတွေလိုက်သတ်တဲ့ရန်က ထွက်ပြေးနေရတဲ့အချိန်မှာ ရေသူမမင်းသမီးလေးကသူ့အသက်ကိုကယ်လိုက်ပါတယ်။နှစ်ယောက်လုံးကခွန်လွန်ဂိုဏ်းကိုလက်စားချေချင်တဲ့ရည်ရွယ်ချက်ချင်းတူတာကြောင့် အတူလက်စားချေဖို့သဘောတူလိုက်ကြပါတယ်။သူတို့ရဲလက်စားချေတဲ့လမ်းခရီးမှာဘယ်လိုအန္တရာယ်တွေနဲ့ပြည့်နှက်နေမလဲ ……